လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပထမဆုံး ကုန်တင်ရထား အဆင်ပြေစွာ ရောက်ရှိ

2021-12-24 19:39:43 |သတင်းအရင်းအမြစ် 新华网

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာလာသည့် ပထမဆုံး ကုန်တင်မီးရထားသည် ကူမင်းမြို့ကို အဆင်ပြေစွာ ရောက်ရှိလာခဲ့သည်။ အဆိုပါမီးရထားသည် ၂၁.၈၇ ပေ အရှည်ရှိ မီးရထားအထူးသုံး အပေါ်ပိုင်းအဖွင့် ကုန်တင်သေတ္တာ ၄၀ ခု ပါရှိကြောင်း သတင်းအရ သိရပါသည်။ ၎င်းသေတ္တာများတွင် လာအိုမှ တရုတ်သို့ တင်ပို့သည့် သံသတ္တုကျောက် တန်ချိန် ၁၂၀၀ ကို တင်ဆောင်ခဲ့ပါသည်။