တရုတ်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ကန့်သတ်စာရင်းကို ငါးနှစ်ဆက်တိုက် လျှော့ချ

2021-12-28 17:32:15 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံက စီးပွားရေးတံခါးပိုမိုဖွင့်လှစ်ခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးမြင့်မြင့် မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့ ကန့်သတ်စာရင်းနှစ်ခုကို ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယခုလိုဆောင်ရွက်ခြင်းသည် ငါးနှစ်ဆက်တိုက်ရှိပြီဖြစ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံကြီးအနေဖြင့် နိုင်ငံ၏ကန့်သတ်စာရင်းနှင့် ရှေ့ပြေး လွတ်လပ်သောကုန်သွယ်မှုဇုန် (FTZ) ကန့်သတ်စာရင်းအား ပြင်ဆင်လျက်ရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ကန့်သတ်ထားသော အမျိုးအစားအရေအတွက်အား ၂၀၂၀ ပြည့်နှစ် ကန့်သတ်ချက်စာရင်းတွင် ၃၃ ခုရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၃၁ ခုအထိ လျှော့ချသွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ပူးတွဲထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

FTZ ရှေ့ပြေးကန့်သတ်စာရင်းရှိ အမျိုးအစားအရေအတွက်မှာ ၂၀၂၀ ခုနှစ်စာရင်းတွင် ၃၀ ခုရှိရာမှ ၂၇ ခုအထိ လျှော့ချသွားမည်ဖြစ်သည်။

ကန့်သတ်စာရင်းအသစ် ၂ ခုမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်၌ အသက်ဝင်လာမည်ဖြစ်သည်။

စာရင်းအသစ်များတွင် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီများအပေါ် သတ်မှတ်ထားသော နိုင်ငံခြားပိုင်ဆိုင်မှုကိုလည်း ဖယ်ရှားသွားမည်ဖြစ်သည်။ ကုန်ထုတ်လုပ်ရေးကဏ္ဍအားလုံးကိုလည်း ရှေ့ပြေး FTZ များ၌ ပြည်ပရင်းနှီးမြှုပ်နှံသူများအား ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ရှေ့ပြေး FTZ များ၌ ဝန်ဆောင်မှုကဏ္ဍများတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ဝင်ရောက်မှုကိုလည်း တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုကို လူမှုရေးစစ်တမ်းလုပ်ငန်း၌ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ပိုင်ဆိုင်မှုကိုလည်း ၃၃ ရာခိုင်နှုန်းထက် မကျော်လွန်သင့်ကြောင်းနှင့် ဥပဒေကိုယ်စားလှယ်များမှာမူ တရုတ်နိုင်ငံသားများ ထားရှိရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများအတွက်မူ ကန့်သတ်စာရင်းများ၌ ပါဝင်မည်မဟုတ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံထားသော စီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံ၏ပြုမူဆောင်ရွက်မှုအတိုင်း လုပ်ဆောင်သင့်ကြောင်း NDRC တာဝန်ရှိသူက ဆိုသည်။

တရုတ်နိုင်ငံသည် တံခါးဖွင့်ဝါဒကျင့်သုံးမှုကို ပိုမိုကျယ်ပြန့်စွာ စွဲစွဲမြဲမြဲ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံအတွင်းသို့ ပြည်ပမှဝင်ရောက်မှု ပိုမိုလွယ်ကူစေရန်နှင့် နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင် တိုးတက်မှုကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအား တားမြစ်ထားသောကဏ္ဍအရေအတွက်ကိုလည်း သိသိသာသာလျှော့ချလျက် ရှိသည်။

ထို့ပြင် အဓိကတံခါးဖွင့်ဝါဒ အဓိကကျသောအစီအမံအရေအတွက်ကို ငွေကြေးနှင့် မော်တော်ကား အပါအဝင် လုပ်ငန်းများ မိတ်ဆက်ပေးလျက်ရှိကြောင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ကျယ်ပြန့်သောအခန်းကို ဖန်တီးပေးလျက်ရှိသည်။

ကမ္ဘာလုံးဆိုင်ရာ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှပ်နှံမှုတွင် တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၄၉.၃၄ ဘီလီယံ ဆွဲဆောင်ထားနိုင်ခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး နိုင်ငံခြားရင်းနှှီးမြှုပ်နှံမှုအဖြစ် ၎င်း၏အဆင့်အား ထိန်းသိမ်းထားလျက်ရှိကြောင်း သိရသည်။ (Xinhua)