တရုတ်-လာအိုရထားလမ်း နိုင်ငံတကာကုန်စည်ပို့ဆောင်ရေး အအေးကွင်းဆက်(Cold chain)ရထားတွဲ စတင်ပြေးဆွဲ

2021-12-28 19:22:48 |သတင်းအရင်းအမြစ် 云南网

ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် အသီးအရွက်အအေးကွင်းဆက်(Cold chain)ကွန်တိန်နာ(၂၁)ခုကို သယ်ဆောင်သည့် တရုတ်-လာအိုရထားလမ်း (တရုတ်နိုင်ငံယူရှီးမြို့-လာအိုနိုင်ငံဗီယင်ကျန်းမြို့) နိုင်ငံတကာကုန်စည်သယ်ပို့ရေးအအေးကွင်းဆက် (Cold chain) ရထားတွဲသည် ယူရှီးမြို့ မှစတင်ထွက်ခွာခဲ့ရာ တရုတ်ယူရှီးနှင့်လာအိုဗီယင်ကျန်းအတွင်း အသီးအရွက်အအေးကွင်းဆက်(Cold chain) နယ်ခြားကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အတည်ပြု ဖွင့်လှစ်လိုက်သည့် အမှတ် အသား ဖြစ်လာပါသည်။

အဆိုပါရထားတွဲတွင် စုစုပေါင်းအအေးကွင်းဆက်(Cold chain)ကွန်တိန်နာ(၂၁)ခု ကုန်တန်ဖိုး စုစုပေါင်း တရုတ်ငွေယွမ်(၁၃)သိန်းကျော်ရှိကာ အလေးချိန်စုစုပေါင်းတန်(၃၀၀)ကျော်ရှိသည်။ အသီး အရွက်ကုန်ကွန်တိန်နာ(၂၀)ခုနှင့် လတ်ဆတ်ပန်းကုန်ကွန်တိန်နာ(၁)ခု ဖြစ်သည်။ ကုန်ပစ္စည်းများမှာ မုန့်ညှင်းဖြူ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း (ဘရိုကိုလီ)၊ ပန်းဂေါ်ဖီစသည့်အသီးအရွက်အမျိုးအစား(၉)မျိုးနှင့် ဇော်မွှေးပန်း၊ နှင်းဆီ၊ လီလီ၊ Texas bluebell ပန်း စသည့် လတ်ဆတ်ပန်းအမျိုးအစား(၉)မျိုးပါဝင်သည်။