ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ယူနန်ပြည်နယ် ကူမင်းမြို့ ချိန်ကုတ်အကွက်တွင် မိသားစုတစ်ခုတည်းမှ (မိဘနှင့်သမီး) ကိုဗစ်-၁၉ ထပ်တိုးလူနာ(၄)ဦးရှိခဲ့သည်။ ၎င်းတို့အနက် လင်မယား(၂) ဦးသည် ယခင်ကိုဗစ်-၁၉ ရောဂါနလံထူလူနာနှင့် အနီးကပ်ထိတွေ့သူ၊ ထိတွေ့ဆက်စပ်သူများ ဖြစ်ပြီး အသီးသီးကို ဒီဇင်ဘာလ(၁၄)ရက်နေ့နှင့် (၂၀)ရက်နေ့တို့တွင် Quarantine ဝင်စေပြီး Q ဝင်ကာလအတွင်း ဆေးစစ်ချက်အရ ကိုဗစ်ရောဂါကင်းစင်ကြောင်း တွေ့ရှိရသည်။ ယခုရက်ပိုင်းတွင် အဆိုပါရပ်ကွက်သည် ဒီဇင်ဘာလ(၂၅)ရက်နေ့မှစ၍ ကိုဗစ်ရောဂါစိုးရိမ်မှုနည်းပါးသောနယ်မြေမှ ကိုဗစ်ရောဂါစိုးရိမ်မှု အလယ်အလတ်ရှိ နယ်မြေအဖြစ် သတ်မှတ်ခြင်းခံရသည်။
ထို့အပြင် ဒီဇင်ဘာလ(၂၅)ရက်နေ့ မွန်းလွဲ(၁)နာရီ(၂)မိနစ်အချိန်တွင် ယူနန်ပြည်နယ် အမ်းနင်မြို့၌ ကိုဗစ်ရောဂါ ဒေသခံထပ်တိုးလူနာ(၁)ဦးတွေ့ရှိခဲ့သည်။ အဆိုပါထပ်တိုးလူနာ၏ ရောဂါကူးစက်ခံရသောအကြောင်းရင်းအား စုံစမ်းလေ့လာနေဆဲ ဖြစ်သည်။ သတင်းအရ အဆိုပါထပ်တိုးလူနာသည် တရုတ်-လာအိုနယ်စပ်ရှိ ဆစ်ဆောင်ပန်းနားသို့ သွားခဲ့ဖူးသည်။ လက်ရှိအခြေအနေမှာ ကိုဗစ်ရောဂါစမ်းသပ်စစ်ဆေးရေး ကြီးမားသောအတိုင်းအတာဖြင့် ပြုလုပ်နေကြောင်း သိရှိရပါသည်။
ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ်တွင် နယ်ခြားခရီးသွားလာရေး ရပ်ဆိုင်းထားရှိပြီး ဖြစ်သည်။ ယူနန် ပြည် နယ်အတွင်း ကိုဗစ်ရောဂါ စိုးရိမ်ရမှုနယ်မြေ မရှိမှသာ နယ်ခြားခရီးသွားလာရေးလှုပ်ရှားမှုများ ပြန်လည် ပြုလုပ်နိုင်မည်ဖြစ်သည်။