တရုတ်နိုင်ငံ၌၂၀၂၅ ခုနှစ်တွင် စက်ရုပ်တီထွင်အသုံးချမှုပညာ၌ အောင်မြင်မှုများ တွေ့မြင်ရမည်

2021-12-29 18:28:20 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ပင်မစက်ရုပ်နည်းပညာများနှင့် ဆက်စပ်သည့် အဆင့်မြင့်ထုတ်ကုန်များ၌ အောင်မြင်မှုများစွမ်းဆောင်နိုင်ရန် ကတိပြုထားကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်အရ သိရသည်။

တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် စက်ရုပ်တီထွင်အသုံးချရေးပညာတီထွင်ဆန်းသစ်မှုအတွက် ကမ္ဘာလုံးဆိုင်ရာအချက်အချာတစ်ခုဖြစ်လာရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန် အဓိကကျသော စက်ရုပ်အစိတ်အပိုင်းများအတွက် စွမ်းဆောင်ရည် နှင့် စိတ်ချရမှုကို ကြိုးပမ်းလုပ်ဆောင်နေကြောင်း စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနကဲ့သို့ နိုင်ငံပိုင်အဖွဲ့အစည်းများက ပူးတွဲထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။

စက်ရုပ်တီထွင်အသုံးချမှုပညာရပ်ဆိုင်ရာ လုပ်ငန်းကဏ္ဍအတွက် လုပ်ငန်းလည်ပတ်မှုဝင်ငွေ၏ နှစ်စဉ်တိုးတက်မှုနှုန်းသည် ၂၀၂၅ ခုနှစ်တွင် ပျမ်းမျှအားဖြင့် ၂၀ ရာခိုင်နှုန်း ကျော်လွန်ရန် မျှော်လင့်ထားပြီး ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတွင် စက်ရုပ်သိပ်သည်းမှုသည် လက်ရှိအဆင့်မှ နှစ်ဆရှိလာမည် ဖြစ်ကြောင်း လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။

နည်းပညာများနှင့် စက်ရုပ်လည်ပတ်မှုစနစ်များ ဖွံ့ဖြိုးတိုးတက်မှုတွင် ကတိပြုထားသည့် လမ်းညွှန်ချက်တွင် တရုတ်နိုင်ငံသည် ချမှတ်ထားသည့်ရည်မှန်းချက်များ အောင်မြင်စေရန် စက်မှုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုအား အားပေးသွားမည် ဖြစ်ပြီး အသုံးချကျင့်သုံးမှုဖြစ်နိုင်ခြေများအား တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)