အာရှ-ပစိဖိတ်ဒေသ BRI၏ အောင်မြင်မှု ရလဒ် ယခုနှစ်ကုန် သုံးသပ်ချက်များ

2021-12-30 13:17:19 |သတင်းအရင်းအမြစ် 新华网

အာရှ-ပစိဖိတ်ဒေသတွင် ပြီးခဲ့သည့်နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါ၏ ထိခိုက်မှုများ ရှိခဲ့သော်လည်း တရုတ်နိုင်ငံမှ အဆိုပြုသည် ရပ်ဝန်းနှင့်ပိုးလမ်းအဆိုပြုချက် (BRI)စီမံကိန်းများက ခုန်ပျံကျော်လွှား အောင်မြင်မှုများ ရရှိခဲ့သည်။

ပြီးခဲ့သည် ၅ နှစ်ကြာ ကာလ တည်ဆောက်မှုများအပြီးတွင် BRIနှင့် လာအိုနိုင်ငံ၏ ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းဆက်နိုင်ငံအဖြစ်သို့ ပြောင်းလဲခြင်း မဟာဗျူဟာနှင့်ချိတ်ဆက်ထားသည့် တရုတ်-လာအို ရထားလမ်းသည် ယခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်လည်ပတ်နိုင်ခဲ့သည်။
တရုတ်နိုင်ငံမှ လှူဒါန်းသော အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးသင်တန်းကျောင်း တည်ဆောက်ပြီးစီးခြင်း အခမ်းအနားကို အောက်တိုဘာလက ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ် Gwadarတွင် ကျင်းပခဲ့သည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်(CPEC)၏ ပြည်သူ့အကျိုးပြု အရေးကြီးစီမံကိန်းတစ်ခုအဖြစ် Gwadar Technical and Vocational Instituteတည်ဆောက်ခြင်းသည် Gwadarဒေသခံများ၏ အရေးတကြီးလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း ဖြစ်သလို ယင်းဒေသ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ခြင်းလည်း ဖြစ်သည်။

“တည်ဆောက်မှုကာလအတွင်းမှာ စီမံကိန်းက ဒေသခံများအတွက် အလုပ်အကိုင်နေရာ ၁,၀၀၀ကျော် ပံ့ပိုးခဲ့ပါတယ်။ တည်ဆောက်ပြီးတဲ့အခါမှာတော့ ဒီနေရာမှာ တစ်ကြိမ်ကို သင်တန်းသား ၃၆၀ လောက်လက်ခံနိုင်မှာဖြစ်ပြီး နှစ်စဉ် အနည်းဆုံး လူ ၁,၀၀၀ ကို သင်ယူလေ့ကျင့်မှုအခွင့်အလမ်းတွေ ပေးပါလိမ့်မယ်”ဟု ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Nong Rongက ဆိုသည်။ အင်စတီကျု့သည် Gwadar နှင့် Balochistanအတွက် အရည်အသွေးမြင့် ကျွမ်းကျင်လုပ်သားတွေ မွေးမြူပေးသော နေရာ ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်က ကမ္ဘောဒီယားနိုင်ငံ မြို့တော် ဖနွမ်းပင် မြောက်ပိုင်း ဆင်ခြေဖုံးရှိ တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှူဖြင့် တည်ဆောက်ခဲ့သော အမျိုးသားအားကစားကွင်း ဖွင့်ပွဲအခမ်းအနားကို အားကစားချီတက်ပွဲ၊ ကိုယ်ခံပညာ ဖျော်ဖြေပွဲနှင့် ရိုးရာအကတို့ဖြင့် ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သည်။

ထိုင်ခုံနေရာ ၆၀,၀၀၀ ရှိသည့် ယင်းအားကစားကွင်းသည် ၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘောဒီးယား၌ အိမ်ရှင်အဖြစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပမည့် အဓိက နေရာ ဖြစ်ကြောင်း ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က ဆိုသည်။ အားကစားကွင်းသည် တရုတ်နိုင်ငံ၏ပံ့ပိုးမှုဖြင့်ဆောင်ရွက်သည့် အောင်မြင်မှုတစ်ခုသာ ဖြစ်ပြီး ၎င်းသည် ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံအခြား သံထည်သဖွယ်ခိုင်မာသည့် ချစ်ကြည်ရေး၏ အသီးအပွင့်တစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းရှိ အမှတ် ၂ အထူးတံတားကြီး၏နောက်ဆုံး ယက်မတိုင်ကို စက်တင်ဘာ ၃၀ ရက်တွင် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ရာ ယက်မ ၂၄ ခုချိတ်ဆက်ထားသည့် တံတားကြီးတည်ဆောက်မှပြီးမြောက်ခဲ့သည်။
တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ မြန်နှုန်းမောင်းနှင်နိုင်သည့် ယင်းရထားလမ်းသည် ဂျကာတာနှင့် အနောက်ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်း၏ ခရီးအကွာအဝေးကို ၃ နာရီကျော်ကြာမှ မိနစ် ၄၀ ဝန်းကျင်အထိ လျှော့ချနိုင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ “Dream Padma Bridge” ဟု ခေါ်ဝေါ်သည့် ကားလမ်း-ရထားလမ်း ဘက်စုံသုံး အကြီးစားလမ်းတံတားကြီးသည် ကိုဗစ်-၁၉ကပ်ရောဂါ၏ စိန်ခေါ်မှုများအပါအဝင် အခက်အခဲအကျပ်အတည်းပေါင်းများစွာကို အလုပ်သမားဝန်ထမ်းများက ကြိုးပမ်းကျော်ဖြတ်ခဲ့ခြင်းနှင့်အတူ တည်ဆောက်ပြီးစီးလုနီးပြီဖြစ်ကြောင်း သိရသည်။ ပင်မ တံတားအရှည် ၆.၁၅ ကီလိုမီတာရှိသော ယင်းကြီးမားသည့် အခြေခံအဆောက်အအုံကို တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ခြင်း ဖြစ်သည်။ Padma တံတားကြီးသည် ဘင်္ဂလားဒေ့ရှ် သမိုင်းတွင်အကြီးဆုံးနှင့်စိန်ခေါ်မှုအရှိဆုံး အခြေခံအဆောက်အအုံစီမံကိန်းဖြစ်ရာ တည်ဆောက်ပြီးစီးပါက ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းဒေသများနှင့်မြို့တော်ဒါကာ အကြား ဖယ်ရီရေယာဉ်ဖြင့်သာ ဖြတ်သန်းနိုင်သည့် သမိုင်းကို အဆုံးသတ်နိုင်မည်ဖြစ်ပေသည်။

သီရိလင်္ကာနိုင်ငံတွင် တရုတ်နိုင်ငံက တည်ဆောက်ပေးခဲ့သည် Hambantota ဆိပ်ကမ်းသည် နိုဝင်ဘာလတွင် ဘက်စုံစီမံခန့်ခွဲမှုစနစ် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုရှိသည်ဟု နိုင်ငံတကာအသိအမှတ်ပြုသည့် သီရိလင်္ကာနိုင်ငံ၏ ပထမဆုံးဆိပ်ကမ်း ဖြစ်လာသည်။

အလားတူပင် နိုဝင်ဘာလတွင် တရုတ်နိုင်ငံက တည်ဆောက်သည့် Cat Linh-Ha Dong မက်ထရိုလိုင်းစီမံကိန်းသည် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ဖွင့်လှစ်ခဲ့ရာ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး မက်ထရိုလိုင်းစီးပွားဖြစ် လည်ပတ်ပြေးဆွဲမှု စတင်ခြင်း၏ အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။ (Xinhua)