ပေကျင်းအိုလံပစ်အား သံတမန်ရေးရာသပိတ်မှောက်ခြင်းဟူ၍ ပြောဆိုမှုကို ရုရှားအစိုးရ အရာရှိကန့်ကွက်

2021-12-30 13:19:36 |သတင်းအရင်းအမြစ် 新华网

နိုင်ငံအချို့က ၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်အား သံတမန်ရေးရာသပိတ်မှောက်ခြင်းဟူ၍ ပြောဆိုနေခြင်းကို ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dmitry Chernyshenko က ပယ်ချလိုက်ကြောင်း သိရသည်။

ရုရှားနိုင်ငံအစိုးရတွင် အားကစား ၊ ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းအား ကြီးကြပ်ကွပ်ကဲသူ ဒုတိယဝန်ကြီးချုပ် Dmitry Chernyshenko က သပိတ်မှောက်ခြင်း ပြောဆိုမှုအတွက် ကျယ်ပြန့်သည့်ထောက်ခံမှု ကင်းမဲ့နေကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် အလေးအနက် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ အဆင့်မြင့်အရာရှိများအနေဖြင့် အားကစားပွဲအတွက် အခိုင်အမာထောက်ခံကြောင်း ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပြီးဖြစ်သည်။ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က တရုတ်နိုင်ငံသို့ သွားရောက်ကာ ပေကျင်းဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ရန်မျှော်လင့်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။ (Xinhua)