တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် စက်မူလုပ်ငန်းသုံးစက်ရုပ်သုံးစွဲမှု အများဆုံးနိုင်ငံအဖြစ် (၈)နှစ်ဆက်တိုက် ရပ်တည်လျက်ရှိ

2021-12-30 14:02:40 |သတင်းအရင်းအမြစ် 新华网

ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် တရုတ်နိုင်ငံစက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန အပါအဝင် ဌာန(၁၅)ခုမှ ရေးဆွဲထားသည့် “ ‘၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း’ စက်ရုပ်ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း”မူကြမ်းကို တရားဝင်ပြဌာန်းခဲ့ပါသည်။


စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ သက်ဆိုင်ရာဝန်ထမ်းများ၏ မိတ်ဆက်ခြင်းအရ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် စက်မှုလုပ်ငန်းသုံးစက်ရုပ်သုံးစွဲမှု အများဆုံးနိုင်ငံအဖြစ် (၈)နှစ်ဆက်တိုက် ရပ်တည်လျက်ရှိကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် စက်ရုပ်ဖန်တီးထုတ်လုပ်မှု ပမာဏသည် လူဦးရေတစ်သောင်းလျှင် (၂၄၆)ယူနစ်ရှိပါသည်။ တစ်ကမ္ဘာလုံးပျှမ်းမျှပမာဏ၏ (၂)ဆ ခန့်ရှိပါသည်။


“၁၃ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” (၂၀၁၆-၂၀၂၀ ပြည့်နှစ်)အတွင်း တရုတ်နိုင်ငံတွင် စက်ရုပ်အသုံးပြုမှု အခြေအနေသည် များစွာတိုးတက်လာခဲ့သည်။ စက်မှုလုပ်ငန်းသုံးစက်ရုပ်ကို မော်တော်ယာဉ်ထုတ်လုပ်မှု၊ ဒီဂျစ်တယ်စက်ပစ္စည်းထုတ်လုပ်မှု၊ သတ္တုတူးဖော်ရေး၊ အသေးစားစက်မှုလုပ်ငန်း၊ ရေနံဓာတုဗေဒလုပ်ငန်း၊ ဆေးဝါးကုသရေးလုပ်ငန်း စသည့်လုပ်ငန်းအမျိုးအစား(၅၂)မျိုးတွင် အသုံးပြုလာကြပြီဖြစ်သည်။ သိုလှောင်ရုံနှင့်သယ်ယူပို့ဆောင်ရေး၊ ပညာသင်ကြားမှုနှင့်ဖျော်ဖြေရေး၊ သန့်ရှင်းရေးဝန်ဆောင်မှု၊ လုံခြုံရေး၊ ဆေးဘက်ဆိုင်ရာပြန်လည်သန်စွမ်းရေးစသည့်ကဏ္ဍများတွင် အများဆုံးအသုံးချနေသည်ကို တွေ့ရှိရပါသည်။