စနေ၊ တနင်္ဂနွေနေ့ရောက်တိုင်း ဟန့်ဝတ်စုံဝတ်ဆင်ကြသောလူငယ်များသည် တရုတ်နိုင်ငံရှုခင်းဇုန်ရှိ လူအုပ်ကြားထဲ အမြဲသွားလာလျက်ရှိကြသည်။
ဟန့်ဝတ်စုံသည် တရုတ်နိုင်ငံရှေးရိုးရာဝတ်စုံဖြစ်ပြီး ယနေ့ထိ ခေတ်အဆက်ဆက် ဆက်ခံလျက်ရှိသည်။ ယခုနှစ်ပိုင်းတွင် ဟန့်ဝတ်စုံယဉ်ကျေးမှုသည် “အသိုင်းအဝိုင်းဖောက်ပုံစံ”ဖြင့် ပြန့်နှံ့လာကာ နေ့စဉ်အမြဲဝတ်သည့်ပုံစံ ဖြစ်လာနေပါသည်။ တရုတ်နိုင်ငံဟန့်ဝတ်စုံနှစ်သက်သူဦးရေသည် ၂၀၁၈ ခုနှစ်က (၂၀.၄၂)သိန်းရှိရာမှ ၂၀၁၉ ခုနှစ်တွင် (၃၅.၆)သိန်းအထိ တိုးမြင့်လာကြောင်း သက်ဆိုင်ရာကိန်းဂဏန်းများအရ သိရပါသည်။ ၂၀၂၁ ခုနှစ်တွင် ဟန့်ဝတ်စုံနှစ်သက်သူ (၆၈.၉၄)သိန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။ တရုတ်နိုင်ငံဆိုရှယ်မီဒီယာစင်မြင့် weibo တွင် “ဟန့်ဝတ်စုံ” ခေါင်းစဉ်သည် ကြည့်ရှုသူ သန်းပေါင်း(၅၃၀၀) ရှိသည်။ ဗီဒီယိုအတိုစင်မြင့် Tiktok တွင် “ဟန့်ဝတ်စုံ”ခေါင်းစဉ်နှင့်သက်ဆိုင်သည့် ဗီဒီယိုများကြည့်ရှုနှုန်းသည် အကြိမ်ရေ သန်းပေါင်း(၅၁၅၀၀)ရှိသည်။ ဟန့်ဝတ်စုံသည် တရုတ်နိုင်ငံ၏ ခေတ်သစ်မျိုးဆက်လူငယ်များအကြား အကျိုးသက်ရောက်မှုမှာ ပိုမိုကြီးထွားလာလျက်ရှိပါသည်။