Xizang လေကြောင်းလိုင်း၏ နှစ်စဉ်ခရီးသည်ပို့ဆောင်ရေးပမာဏသည် ၆ သန်းကျော်ရှိ

2021-12-31 16:11:45 |သတင်းအရင်းအမြစ် 新华网

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် Xiang ဒေသလေကြောင်းလိုင်း ခရီးစဉ်အမှတ် TV9850 သည် တရုတ်နိုင်ငံ Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လားဆာမြို့ Kongga လေဆိပ်သို့ ဆိုက်ရောက် နိုင်ခဲ့သဖြင့် Xizang လေကြောင်းလိုင်း၏ နှစ်စဥ် ခရီးသည်ပို့ဆောင်ရေးပမာဏသည် ၆ သန်းကျော် ရောက်ရှိလာကြောင်း သိရသည်။

Xizang ဒေသလေကြောင်းလိုင်းသည် ၁၉၆၅ ခုနှစ် မတ်လမှစတင်၍ ခရီးသည်တင်ပြေးဆွဲခဲ့ပြီး လက်ရှိတွင် လေကြောင်းလိုင်းပေါင်း ၁၅၀ ဖွင့်လှစ်ကာ တရုတ်ပြည်တွင်းပြည်ပ မြို့ပြ ၆၈ ခုသို့ အပြန်အလှန် ပျံသန်းပြေးဆွဲနေကြောင်း သိရပါသည်။