တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က လည်ပတ်လျက်ရှိသော တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်ဖြစ်သည့် Changqing ရေနံလုပ်ကွက်မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ နောက်ထပ် တန်ချိန် ၁၀ သန်း ရှိသော ထုတ်လုပ်ရေးအခြေစိုက်စခန်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကန်းစု ပြည်နယ် Qingyang မြို့ရှိ Changqing ရေနံတွင်း မှ Longdong ရေနံလုပ်ကွက် နှင့် ယခုနှစ်တွင် သတ္တုတွင်းတူးဖော်ရေးလုပ်ငန်း အခွင့်အရေးများ လွှဲပြောင်းခြင်းဆိုင်ရာ ပူးတွဲဖော်ဆောင်မှုဇုန်များတို့သည် ရေနံစိမ်း တန်ချိန် ၉.၆၉ သန်းကျော်နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်း ၃၈၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် နှစ်စဉ်ရေနံတန်ချိန် ၁၀ သန်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကန်းစု ပြည်နယ် Qingyang မြို့ရှိ Changqing ရေနံတွင်း မှ Longdong ရေနံလုပ်ကွက် နှင့် ၎င်း၏ သမဝါယမ တူးဖော်ရေးလုပ်ပိုင်ခွင့်အတွက် လွှဲပြောင်းပေးသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ကွက်များသည် ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ရေနံစိမ်းတန်ချိန် ၉.၆၉ သန်းနှင့် ကုဗမီတာ သန်း ၃၈၀ ကျော် ထုတ်လုပ်ခဲ့ပြီး နှစ်စဉ် ရေနံတန်ချိန် ၁၀ သန်းကျော်အား ပထမဆုံး အကြိမ်ထုတ်လုပ်ခဲ့သည်။
Longdong ရေနံဇုန်သည် လုပ်ငန်းလည်ပတ်မှုနှစ်များအတွင်း စုစုပေါင်း ရေနံတန်ချိန် သန်း ၁၁၀ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းဇုန်၏ ရေနံအရန်ပမာဏသည် ယခုနှစ်ကုန်ပိုင်းတွင် ၃.၂ ဘီလီယံကျော်ရှိခဲ့ကြောင်း Changqing ရေနံလုပ်ကွက် ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ နည်းပညာ သုတေသနအင်စတီကျု အကြီးအကဲ Zhang Kuangsheng က ပြောခဲ့သည်။
ရေနံ၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ ကြွယ်ဝသော Qingyang မြို့သည် တရုတ်နိုင်ငံရှိ အရေးကြီးသော စွမ်းအင်အခြေစိုက်မြို့တစ်မြို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)