ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ကပ်ရောဂါခုခံတိုက်ဖျက်ရေး ဆေးပစ္စည်းနှင့် စက်ကိရိယာများ ထောက်ပံ့လှူဒါန်း

2021-12-31 17:27:30 |သတင်းအရင်းအမြစ် 云南日报

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၏ ကိုဗစ်-၁၉ ကပ်ရောဂါ ခုခံတိုက်ဖျက်ရေးဆေးပစ္စည်းများနှင့် စက်ကိရိယာများ ရန်ကုန်တိုင်းဒေသကြီးသို့ ထောက်ပံ့လှူဒါန်းလွှဲပြောင်းခြင်းအခမ်းအနားကို ကူမင်းမြို့တွင် ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။

ယခုအကြိမ်ထောက်ပံ့လှူဒါန်းမှုတွင် တရုတ်ငွေယွမ် ၆.၈ သိန်း (မြန်မာငွေ ၁၈၉ သန်း)တန်ဖိုးရှိ ကိုဗစ်-၁၉ ခုခံတိုက်ဖျက်ရေးဆေးပစ္စည်းနှင့်စက်ကိရိယာများဖြစ်သော အောက်ဆီဂျင်စက်၊ အသက်ရှူစက်၊ နှလုံးခုန်နှုန်းတိုင်းစက်နှင့် pulse oximeter တို့ ပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီး ကိုယ်စား ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက လက်ခံခဲ့ကြောင်း သိရသည်။