ပေါက်ကျူးသစ်တော်သီး၏ “ခရီးစဉ်”

2022-11-16 18:35:19
အရင်းအမြစ်:新华网

ဆောင်းဦးရာသီမှ ဆောင်းရာသီ၊ သစ်တော်သီးအပင်မှ စျေးကွက်သို့၊ လတ်ဆတ်အသီးမှ သစ်တော်သီးယို၊ အအေးဂိုဒေါင်မှ ထမင်းစားပွဲပေါ်အထိ ယူနန်ပြည်နယ် ကူမင်းမြို့ ချိမ်ကုန့်ရပ်ကွက် ဝမ်ရှီးချုံးဒေသမှထွက်သည့် ပေါက်ကျူးသစ်တော်သီးသည် ရာသီအချိန် အခါ “ခရီးစဉ်”များကို ဖြတ်သန်းခဲ့ရပါသည်။

ပေါက်ကျူးသစ်တော်သီးများ ခူးဆွတ်ပြီးနောက် စိုက်ပျိုးတောင်သူများ အလုပ်များနေပြီး ဒေသစျေးကွက်တွင်လည်း လတ်ဆတ်သော ပေါက်ကျူးသစ်တော်သီးများကို တွေ့မြင်ရပြီ ဖြစ်သည်။ ၎င်း၏အရသာမှာ ချိုမြိန်ပြီး အထူးကြိုက်နှစ်သက်ကြသည့် ရာသီပေါ်အသီးဖြစ်ပါသည်။ ယခုအချိန်တွင် ဒေသခံပြည်သူများသည် ၎င်းဖြင့် သစ်တော်သီးယို၊ သစ်တော်သီးခြောက် စသဖြင့် သိမ်းဆည်းရန် လွယ်ကူသည့် စားသောက်ကုန်အဖြစ် လုပ်ဆောင်နေကြသည်။

‌ရောင်းမကုန်သည့် သစ်တော်သီးများကို အအေးဂိုဒေါင်ထဲသို့ထည့်ပြီး ဆောင်းရာသီ၌ ရောင်းချကြသည်။ ထို့ပြင် ဝမ်ရှီးချုံးဒေသခံများသည် လတ်ဆတ်သည့်အသီးကို ထမင်းစားပွဲပေါ်က အရသာရှိဟင်းလျာများအဖြစ်လည်း လုပ်ဆောင်လေ့ရှိသည်။ ဤနေရာတွင် ကြက်သားဟင်းရည်ပြုတ်တိုင်း ပေါက်ကျူးသစ်တော်သီးတစ်လုံး ထည့်ပြုတ်လေ့ရှိသည်။ ပိုမိုလတ်ဆတ်သော အရသာရှိစေသည်။ သကြားသစ်တော်သီးကို ကလေးငယ်များ ကြိုက်နှစ်သက်ကြသည်။ မူကြိုကျောင်းဆရာဆရာမများကလည်း ကျောင်းသားများကို ကိုယ်တိုင်လက်တွေ့ လုပ်ဆောင်စေသည်။ စားသောက်ဆိုင်များတွင် လည်း ပေါက်ကျူးသစ်‌တော်သီးအရသာအလိုက် အစားအသောက်များ ဖန်တီးကြသည်။ ဥပမာ- ပေါက်ကျူးသစ်တော်သီးရတနာရှစ်မျိုးထမင်း၊ ပေါက်ကျူးသစ်တော်သီးအချိုလုံး၊ ပေါက်ကျူးသစ်တော်သီးကိတ်၊ ပေါက်ကျူးသစ်တော်သီးဝက်ပေါင်ခြောက်၊ ပေါက်ကျူး သစ်တော်သီးချိုချဉ်ကြော်...စသဖြင့်။


(သတင်းရင်းမြစ် - ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)

ပေါက်ကျူးသစ်တော်သီး၏ “ခရီးစဉ်”