၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲဖွင့်ပွဲတွင် ပြခန်းများက အံ့မခန်းအသွင်အပြင်ဖန်တီးခဲ့

2022-11-22 16:11:17
အရင်းအမြစ်:新华网

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။

အဆိုပါကုန်စည်ပြပွဲတွင် အစိမ်းရောင်စွမ်းအင်၊ ကုန်းပြင်မြင့်ထူးခြားချက်လက္ခဏာရှိ လယ်ယာစိုက်ပျိုးရေး၊ ဇီဝဆေးဝါးနှင့်ကျန်းမာရေး၊ ရှေ့တန်းရောက်အဆင့်မြင့်ကုန်ထုတ်လုပ်ငန်း၊ ခရီးသွားလာရေးနှင့်ယဥ်ကျေးမှု စသည့်ယူနန်မှ အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အဓိက တင်ဆက်ပြသခဲ့ပါသည်။

ယခုအကြိမ်ကုန်စည်ပြပွဲသည် တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်ညီလာခံပြီးနောက် ယူနန်ပြည်နယ်တွင် ပထမဆုံးအကြိမ်ကျင်းပသည့် အကြီးစားနိုင်ငံတကာပြပွဲဖြစ်သည်။
(သတင်းရင်းမြစ်- ယူနန်နေ့စဥ်သတင်းစာ၊ ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)

၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲဖွင့်ပွဲတွင် ပြခန်းများက အံ့မခန်းအသွင်အပြင်ဖန်တီးခဲ့