တောင်တန်းကြီးများအတွက် “ကျန်းမာရေးစစ်ဆေးပေး”သော ဘူမိဗေဒကျွမ်းကျင်ပညာရှင်

2022-11-28 16:14:28
အရင်းအမြစ်:新华网

အမျိုးသမီး Gu Congnan သည် တရုတ်နိုင်ငံ ထျိန်းကျင်းဟွာပေ ဘူမိအခြေအနေစုံစမ်းစစ်ဆေးရေးဌာနမှ ကြည့်ကျိုးရပ်ကွက်သို့ စေလွှတ်သော ဘူမိဘေးအန္တရာယ်ကာကွယ်ဖြေရှင်းရေး အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ သူမနှင့်သူ့အဖွဲ့ဝင်များသည် ကြည့်ကျိုးရပ်ကွက်တွင် ငုပ်လျှိုးနေသည့်ဘူမိဘေးအန္တရာယ်ကို ရှာဖွေခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြိုတင်သတိပေးခြင်းစသည်တို့ကို တာဝန်ခံဆောင်ရွက်နေသည့်အပြင် စွန့်ပစ်ထားသည့် သတ္တုတွင်းအား အစိမ်းရောင်ပြန်လည်ဖြစ်လာအောင် စီမံထိန်းချုပ်ရာတွင် လက်တွေ့ စူးစမ်းခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ရသည်။

ကြည့်ကျိုးရပ်ကွက်သည် ပေကျင်း-ထျိန်းကျင်းတစ်ဝန်း၏ အဓိက အဆောက်အအုံဆိုင်ရာ အချက်အလက် ထုတ်ပြန်ရေး စခန်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် သတ္တုတူးဖော်ခြင်းကြောင့် တောင်တန်း ကို ထိခိုက်ခဲ့သကဲ့သို့ ငုပ်လျှိုးနေသော ဘူမိဘေးအန္တရာယ်လည်း ကျန်ရစ်စေခဲ့သည်။ အမျိုးသမီး Gu Congnan နှင့်အဖွဲ့ဝင်များသည် သတ္တုတူးဖော်ရေးနေရာသို့သွားပြီး စွန့်ပစ်ထားသော သတ္တုတွင်းများအား လက်တွေ့စူးစမ်းကာ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းကို ရေးဆွဲကြပါသည်။ “ကျွန်မတို့က အဲဒီစွန့်ပစ် ထားတဲ့ သတ္တုတောင်တွေကို စူးစမ်းစစ်ဆေးပြီး ဇီဝပတ်ဝန်းကျင်ရဲ့ ဒဏ်ရာတွေကို မြန်နိုင်သလောက်မြန် အောင် ဆေးကုနိုင်ဖို့၊ အစိမ်းရောင်ပြန်လည်ဖြစ်လာစေဖို့ ဆောင်ရွက်နေတယ်”ဟု သူမ ပြောကြားခဲ့ပါ သည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းဌာန၊ ဘာသာပြန်- Yunnan gateway)

တောင်တန်းကြီးများအတွက် “ကျန်းမာရေးစစ်ဆေးပေး”သော ဘူမိဗေဒကျွမ်းကျင်ပညာရှင်