လျှိုမြောင်ချိုင့်ဝှမ်း ကျေးလက်ဒေသတွင် ပရဟိတရုပ်ရှင်ပြသသူ
ယခုနှစ်တွင် အသက် ၄၅ နှစ်အရွယ်ရှိသူ မစ္စတာ Yang Mingjin သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နုကျန်း လီဆူတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လူရွှေမြို့ရှိ တိုင်ယာဆိုင်တစ်ခု၏ ဆိုင်ရှင် ဖြစ်သကဲ့သို့ ပရဟိတရုပ်ရှင်ပြသသူတစ်ဦးလည်း ဖြစ်သည်။ လွန်ခဲ့သော ၂၄ နှစ်တာကာလတွင် သူသည် ရုပ်ရှင်ပြစက်ယူဆောင်ပြီး လျှိုမြောင်ချိုင့်ဝှမ်း ကျေးလက်ဒေသအသီးသီးသို့ သွားရောက်ကာ လူရွှေခရိုင်ရှိ လူဦးရေ ၅ သိန်းကျော်အတွက် ရုပ်ရှင်အကြိမ်ရေ ၄၅၀၀ ကျော် အခမဲ့ ပြသပေးခဲ့သည်။
တရုတ်တိုင်းရင်းသားဘာသာစကားသာ နားလည်ပြီး ဖူထုံးစကားဟုခေါ်သော တရုတ်စံပြဘာသာစကား နားမလည်သော လီဆူသက်ကြီးရွယ်အိုများကို ရုပ်ရှင်အကြောင်း နားလည်စေရန် Yang Mingjin သည် ၃ လကြာ သုတေသနပြုပြီးနောက် ရုပ်ရှင်သုံးစကားများကို လီဆူဘာသာစကားသို့ ပြောင်းပေးခဲ့သည်။ သူသည် ရွာသူရွာသားများ၏ စိတ်ဝင်စားဖွယ်အတိုင်း အမျိုးအစားကွဲပြားသည့် ရုပ်ရှင်ကို ပြသခဲ့ပြီး ရွာသူရွာသားများအတွက် ပျော်ရွှင်မှုနှင့် ပညာရေးကို သယ်ဆောင်လာခဲ့သည်။
လွန်ခဲ့သော ၂၄ နှစ်တာကာလတွင် Yang Mingjin ပြသသည့် ရုပ်ရှင်ကားများသည် မှောင်ရီဝိုးတဝါးဖြစ်သောဖလင်ရုပ်ရှင်ကားများမှ ယခုရောင်စုံလှပသော ဒီဂျစ်တယ်ရုပ်ရှင်သို့ ပြောင်းခဲ့ပြီး ရုပ်ရှင်ကားအကြောင်းအရာလည်း ပိုမိုပေါကြွယ်လာပါသည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)