တရုတ်ပြည်တွင်း နျူကလိအက်စစ်စစ်ဆေးရေးစခန်းများအား ဖျားနာကုသဆေးခန်းများအဖြစ် ပြောင်းလဲအသုံးပြု

2022-12-26 20:51:22
အရင်းအမြစ်:

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ရှီးအမ်း၊ ချန်ရှားစသည့်ဒေသတွင် ယခင်ကအသုံးပြုခဲ့သော နျူကလိအက်စစ်စစ်ဆေးရေးစခန်းများ၊ ပြည်သူ့ဝန်ဆောင်မှုစခန်းများ စသည့်တို့အား ဖျားနာကုသဆေးခန်းအဖြစ် ပြောင်းလဲအသုံးပြုပြီး ပြည်သူပြည်သားများ ဆေးကုခြင်း ပိုမိုအဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိပါသည်။

တချိန်တည်းတွင် ဟန်ကျိုးမြို့ပြရှိ လူနေရပ်ကွက်အချို့တွင် ဆရာဝန်နှင့်သူနာပြုအဖွဲ့ ဖွဲ့စည်းပြီး လူနာတင်ယာဉ်နှင့်အခြားသယ်ယူပို့ဆောင်ရေးယာဉ် အသုံးပြုကာ ရွှေ့လျား ဆေးကုခန်း ဖန်တီး အသုံးပြုလျက်ရှိပါသည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းဌာန။ ဘာသာပြန်- Yunnan gateway)

တရုတ်ပြည်တွင်း နျူကလိအက်စစ်စစ်ဆေးရေးစခန်းများအား ဖျားနာကုသဆေးခန်းများအဖြစ် ပြောင်းလဲအသုံးပြု