ထျန်းချီရေကန်ကြီး၏ နေထွက်ဆည်းဆာအလှ

2022-01-18 18:00:44 |သတင်းအရင်းအမြစ် 新华网

ထျန်းချီရေကန်ကြီးသည် ကူမင်းမြို့သူမြို့သားများအတွက် နွေးထွေးသော ချစ်ခြင်းမေတ္တာများစွာကို ပေးနေပါသည်။ ကျယ်ပြန့်သော ထျန်းချီရေမျက်နှာပြင်သည် နေထွက်ချိန် နေရောင်ခြည်ဖုံးလွှမ်းနေသည်မှာ အင်္ကျီအသစ်ဝတ်ထားသကဲ့သို့ပင် လှပနေသည်။

နံနက် ၇ နာရီတွင် နေမင်းကြီးသည် အဝေးကတောင်တန်းများမှ ထွက်လာပြီး ရေပြင်သည် တောက်ပလာကာ ငှက်အမျိုးမျိုးသည် လွတ်လပ်စွာပျံသန်းလျက် နေမင်းကြီးပေးသည့် နွေးထွေးမှုကို ခံစားကြရသည်။ ထျန်းချီကန်တောင်ဘက်ရှိ ကူမင်းမြို့သူမြို့သားများသည်လည်း နံနက်စောစော ရုံးသွားရသောကြောင့် ကားရေစီးကြောင်းများဖြင့် စည်ကားနေပါတော့သည်။