ယူနန်ပြည်နယ် စစ်ဆောင်ပန်းနား တိုင်(မြန်မာရှမ်း)တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မုန့်ဟိုင်ခရိုင်တွင် နွေဦးလယ်ထွန်စိုက်ပျိုးရေးကို အရှိန်အဟုန်မြင့်လျက် ရှိပါသည်။ လယ်ကွင်းထဲတွင် ကောက်စိုက်၊ လယ်ထွန်နေသည့်ပုံရိပ်များဖြင့် စည်ကားနေပါသည်။ (၂၀၂၂)ခုနှစ် မုန့်ဟိုင်ခရိုင်သည် ဆောင်းရာသီ နွေဦးရာသီစားသောက်ကုန်မြေ စားနပ်ရိက္ခာသီးနှံဧရိယာ မူ(၁)သိန်း စိုက်ပျိုးရန် စီမံထားကြောင်း သိရပါသည်။ ယခုအချိန်ထိ အစောပိုင်းစပါးပျိုးထောင်ထားသည့် စိုက်ပျိုးမြေဧရိယာ မူ(၃.၅)သောင်းကျော်ရှိပြီဖြစ်ပြီး လတ်ဆတ်သောပြောင်း၊ ပီလောပီနံအမျိုးအစား၏ စိုက်ပျိုးမှုသည် ဧရိယာ မူ(၁.၄)သောင်းနှင့် ဧရိယာ မူ(၃၀၀၀)ကျော် အသီးသီးပြီးစီးပြီးဖြစ်ပါသည်။
(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)