ဖေဖော်ဝါရီလ(၂၀)ရက် ညပိုင်းတွင် ကျင်းပသည့် (၂၄)ကြိမ်မြောက် ဆောင်း ရာသီအိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ပေကျင်းအမျိုးသား အားကစားကွင်း၌ ကျင်းပခဲ့ပါသည်။
တရုတ်နိုင်ငံတွင် လူဦးရေ သန်း(၃၀၀)ကျော်သည် ရေခဲနှင့်နှင်းအားကစား၌ ပါဝင်ခဲ့ကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Bach က လေးလေး နက်နက် ပြောကြားခဲ့သည်။ “ယခုအကြိမ်ဆောင်းရာသီအိုလံပစ်ပွဲဟာ မယှဉ်နိုင်သော၊ ပြိုင်ဘက်ကင်းတဲ့ တုနှုင်းမမီတဲ့ ဆောင်းရာသီအိုလံပစ်ပွဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ရေခဲနဲ့နှင်းအားကစားနိုင်ငံ ဖြစ်လာတာကိုလည်း ကျွန်တော်တို့ကြိုဆိုပါတယ်” ဟု Bach က ပြောပါသည်။
ဆောင်းရာသီအိုလံပစ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ကိုလည်း အွန်လိုင်း အသုံးပြုသူများက ချီးမွမ်းနေကြသည်။ “တရုတ်နိုင်ငံရဲ့ ဆောင်းရာသီ အားကစား တိုးတက်မှုအရှိန်ဟာ အလွန်မြန်ဆန်လွန်းတယ်။ အားကစား ချစ်ကြည်ရေးစိတ်ဓာတ်ကိုလည်း ကျွန်တော်တို့သင်ယူဖို့လိုပါတယ်” ဟု မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ပန်ဝါမြို့မှ တရုတ်စာဆရာမ မလွမ်းနေက တရုတ်နိုင်ငံ၏ ဆောင်းရာသီအိုလံပစ်ပွဲကို လက်မထောင်ချီး မွမ်းခဲ့ပါသည်။
(အရင်းအမြစ်၊ Xinhua, ပေကျင်းနေ့စဥ်သတင်းစာ၊ မင်္ဂလာမဂ္ဂဇင်း။ ဘာသာပြန်၊ Yunnan gateway)