၂၀၂၂ ခုနှစ် မိုးရာသီအပြီးတွင် နွေဦးမြို့ဟု လူသိများသော ယူနန်ကူမင်းမြို့တွင် ဆောင်းနှင်းဖွေးဖွေး လေးများ ဖြိုင်ဖြိုင်ကျလာပါသည်။ နှင်းမတွေ့ရသည်မှာ နှစ်အတော်ကြာပြီဖြစ်သော ကူမင်းမြို့သူ မြို့သားများသည် စိတ်လှုပ်ရှားပြီး အထူးဝမ်းသာကြည်နူးနေကြပါသည်။ ဆောင်းနှင်းရှုခင်း ကြည့်ခြင်း၊ နှင်းအရုပ်လေးများပြုလုပ်ကြခြင်းဖြင့် ကူမင်းမြို့သည် အလွန်စည်ကားနေပါတော့သည်။ အေးသော ရာသီဥတုဖြစ်သော်လည်း နွေးထွေးသည့်နှလုံးသားရှိသော မြို့သူမြို့သားများသည် red-billed စင်ရော်ငှက်များကို နှင်းကျနေသည့်ကြားမှ သတိတရ အစာလာကျွေးကြပါသည်။
(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန၊ ဘာသာပြန်၊ Yunnan gateway)