ထိုင်းနိုင်ငံ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဟွာဝေး 5G စမတ်ဆေးရုံစီမံကိန်းမှ အထောက်အကူပြု

2022-03-23 19:15:18 |သတင်းအရင်းအမြစ် 新华网

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်တွင် ကားသွားကားလာများသည့်လမ်းမပေါ်တွင် အသက်ကယ် လူနာတင်ယာဉ် ပိတ်မိနေရတတ်သည်။ ကားပေါ်မှရှေးဦးသူနာပြုများသည် HD ကင်မရာ၊ ECG စက်ကို ဖွင့်လိုက်ခြင်းဖြင့် လူနာ၏ဗီဒီယိုရုပ်ပုံ၊ အသက်လက္ခဏကိန်းဂဏန်းများ၊ ရောဂါနောက်ခံအကြောင်းများ စသည့် သတင်းအချက်အလက်များသည် 5G ကွန်ရက်ဖြင့် အချိန်နှင့်တစ်ပြေးညီ ဘန်ကောက်ရှိ နှစ်တစ်ရာသမိုင်းရှိသော Siriraj ဆေးရုံသို့ တိုက်ရိုက်ထုတ်လွှင့်ပေးပို့နေသည်။ ဆေးရုံဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့် ရှေးဦးသူနာပြုတို့သည် ရောဂါအနေအထားစိုးရိမ်ရသော လူနာအတွက် ဆေးရုံမရောက်မီ ကနဦး ကယ်ဆယ် ကုသရေးလုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

“5G အသက်ကယ်လူနာတင်ယာဉ်ကို စတင်အသုံးပြုပြီးနောက် လူနာအသက်ရှင်နှုန်းကို ပိုမို မြင့်တင်ပေးနိုင်ခဲ့ပါသည်” ဟု Siriraj ဆေးရုံအုပ်က ပြောကြားပါသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ဟွာဝေးသည် ထိုင်းနိုင်ငံ Siriraj ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ (၅)နှစ်တာကာလ “စမတ်ဆေးဝါးကုသရေး” နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် “စမတ်ဆေးဝါးကုသရေး” ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း စတင်ခဲ့သည်။ 5G အသက်ကယ်လူနာတင်ယာဉ်သည် ထိုင်းနိုင်ငံ 5G စမတ်ဆေးရုံစီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

စမတ်ဆေးဝါးကုသရေးစီမံကိန်းတွင် တရုတ်နိုင်ငံ ဟွာဝေး၏ 5G၊ cloud နှင့် AI စသည့်နည်းပညာများကို ထည့်သွင်းအသုံးပြုသည်။ 5G အသက်ကယ်လူနာတင်ယာဉ်ဖြင့် ဆေးရုံတင်ခြင်း၊ AI ဖြင့် ရောဂါ စစ်ဆေးခြင်း၊ ဆေးရုံဆင်းပြီးနောက် အဝေးမှဆေးဝါးကုသပေးခြင်း စသည်တို့ပါဝင်သည်။ အာဆီယံဒေသတွင် ဟွာဝေးမှစတင်သော ပထမဆုံး 5G စမတ်ဆေးရုံစီမံကိန်း ဖြစ်ပါသည်။
အရင်းအမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway