“လတ်လတ်ဆတ်ဆတ်” ယူနန်မောင်းတင် Morel မှိုများ ဈေးကွက်သို့ရောက်ရှိလာ

2022-03-29 18:37:00 |သတင်းအရင်းအမြစ် 新华网

မတ်လတွင် ယူနန်မောင်းတင်ခရိုင် ရှင်းချောင်မြို့နယ် Morel မှိုစိုက်ပျိုးရေးစခန်း၌ အလုပ်သမားများသည် Morel မှိုများခူးယူပြီး ထုပ်ပိုးလျက်ရှိပါသည်။ ထို့နောက် ပြည်နယ်အတွင်းနှင့်ပြင်ပသို့ သယ်ယူရောင်းချ သွားမည်ဖြစ်သည်။

ရာသီဥတုပူနွေးလာသည်နှင့်အမျှ Morel မှိုများ အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။ မတ်လ‌မှစတင်၍ အဆိုပါစခန်းတွင် Morel မှိုများ နေ့စဉ်ခူးယူပမာဏသည် တန်ချိန်(၁)တန်ခန့်ရှိပြီး လတ်ဆတ်သော Morel မှိုစျေးကွက်စျေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် (၁၆၀)ယွမ်ခန့်ရှိပါသည်။


(အရင်းအမြစ်၊ Xinhua၊ ဘာသာပြန်၊ Yunnan gateway)