ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းရှိ ပန်းဒီဇိုင်းများ အဝတ်အစားများပေါ်သို့ ရောက်ရှိလာ

2022-03-31 19:10:06 |သတင်းအရင်းအမြစ် 新华网

နွေဦးရာသီသည် အရောင်အသွေးစုံလှပခြင်း၊ ရှင်သန်တက်ကြွမှုအပြည့်ရှိခြင်း စသည့်အကြောင်းရင်းကြောင့် ရှေးခေတ်ကတည်းကပင် လူကြိုက်များလှသည်။ နွေဦးရာသီ၏ ပန်းများ၊ မြက်ခင်းများ၊ ငှက်များအား ခေတ်အဆက်ဆက် အနုပညာရှင်များမှ ပစ္စည်းကိရိယာနှင့် တန်ဆာပလာများပေါ်တွင် ပန်းပုထွင်းထုသကဲ့သို့ ပန်းချီဆရာများကလည်း ရေးဆွဲခဲ့ကြသည်။ ၎င်းပစ္စည်းနှင့် ပန်းချီကားများသည် နှစ်ပေါင်းထောင်ချီ ဖြတ်ကျော်ပြီး ပြတိုက်တွင် တည်ရှိကာ ယခုခေတ်ကာလတွင်လည်း ထိုခေတ်ကာလ၏ နွေဦးရာသီရှင်သန်မှုကို ဖော်ပြနေဆဲဖြစ်သည်။

၎င်းရှေးခေတ်ပစ္စည်းများနှင့် ပန်းချီပေါ်ရှိ နွေဦးရာသီဆိုင်ရာ ပန်းဒီဇိုင်းများအား အဝတ်အစားပေါ်တွင် တန်ဆာဆင်ခြင်းဖြင့် ယခုနွေဦးရာသီတွင် အလှပဆုံးသော ရှုခင်းသာဖြစ်လာတော့မည် ဖြစ်သည်။
( အရင်းအမြစ်၊ Xinhua၊ ဘာသာပြန်၊ Yunnan gateway)