တရုတ်နိုင်ငံ ဟန်ကျိုး အာရှအားကစားပြိုင်ပွဲများ ကျင်းပမည့်အားကစားရုံအားလုံး ဆောက်လုပ်ပြီးစီး

2022-04-02 16:16:12 |သတင်းအရင်းအမြစ် 新华网

ဟန်ကျိုးအိုလံပစ်အားကစားရုံများအား ၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-ဟန်ကျိုးအာရှအားကစားကော်မတီ)

တရုတ်နိုင်ငံ ရှောက်ရှင်း ဘေ့စ်(ဆော့ဖ်)ဘော အားကစားယဉ်ကျေးမှုစင်တာ၊ ရှောက်ရှင်းဟဲချောင်ယန်ဆန်း ကျောက်တောင်တက်စခန်းတို့တွင် ပွဲလက်ခံကျင်းပခြင်း အရည်အသွေးစစ်ဆေးမှုမှ မတ် ၃၁ ရက်က ပြီးစီးခဲ့ကြောင်း သိရသည်။ အချိန် ၅ နှစ်ကြာ တည်ဆောက်ခဲ့သည့် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ၊ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အားကစားရုံ ၅၆ ခုလုံး အပြည့်အဝ ဆောက်လုပ်ပြီးစီး၍ ပြိုင်ပွဲကျင်းပခြင်း အရည်အသွေးစစ်ဆေးမှု ပြီးစီးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ၊ အာရှမသန်စွမ်းအားကစားပြိုင်ပွဲသည် “ဟန်ကျိုးကို အဓိကထားပြီး ပြည်နယ်တစ်ခုလုံးမျှဝေခံစားခြင်း” ဟူသော အခြေခံမူဖြင့် စုစုပေါင်း အားကစားရုံ ၅၆ ခုရှိရာ ၎င်းတို့အား ဟန်ကျိုး ၊နင်းပေါ၊ ဝမ်ကျိုး၊ ကျင်းဟွာ၊ ဟူကျိုးနှင့် ရှောက်ရှင်း တို့တွင် အသီးသီးတာဝန်ဖြန့်ကျက်ထားကြောင်း သိရသည်။ ၎င်းတို့အနက် အသစ်တည်ဆောက်သော အားကစားရုံ ၁၂ ခု၊ ပြုပြင်ထားသော အားကစားရုံ ၂၆ ခု၊ ယခင်တည်ဆောက်ဆဲ အဆောက်အအုံအား ဆက်လက်တည်ဆောက်ထားသည့် အားကစားရုံ ၉ ခု၊ ယာယီအားကစားရုံ ၉ ခု ပါဝင်သည့်အပြင် လေ့ကျင့်ရေးကွင်း ၃၁ ခု၊ အာရှအားကစားကျေးရွာ ၁ ခုနှင့် အားကစားသမားကျေးရွာခွဲ ၄ ခု ရှိကြောင်း သိရသည်။ အားကစားရုံတည်ဆောက်မှုသည် “အစိမ်းရောင်၊ စမတ်ကျခြင်း၊ ချွေတာပြီး ယဉ်ကျေးသည့်” ပြိုင်ပွဲကျင်းပခြင်း အတွေးအမြင်ကို လက်ကိုင်ပြုကာ ပြိုင်ပွဲလိုအပ်ချက် ဖြည့်ဆည်းမှုကို အာမခံပြီး မြို့တော်တည်ဆောက်မှု မြှင့်တင်ခြင်း၊ မြို့တော်အသွင်သဏ္ဍာန် ပြသခြင်း၊ ပြည်သူများအား ဝန်ဆောင်မှုပေးခြင်း စသည်တို့ရည်ရွယ်ထားသည့် အာရှအားကစားရုံ “ဟန်ကျိုးနမူနာ” အဖြစ်ဖန်တီးရန် ကြိုးပမ်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)