တရုတ်ကန့်နန်ကျေးလက်ဒေသမှ လူငယ်တစ်ဦးသည် succulent အပင်ဖြင့် စီးပွားဖြစ်ထွန်းနေ

2022-04-08 19:02:59 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ကန့်နန်ဒေသ (ကျန်းရှီးပြည်နယ်တောင်ပိုင်းဒေသ)တွင် ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းမွေးသော လူငယ်အမျိုးသား Zhou Jianghu သည် ကြည့်ရသည်မှာ ရိုးရိုးပုံသဏ္ဍာန်သာရှိသော succulent အပင်များအား ရောင်စုံလှ၍ ချစ်ဖွယ်ရာကောင်းသော ရုက္ခပင်အဖြစ် ပြင်ဆင်ပေးလျက်ရှိသည်။

Zhou Jianghu ၏ ရုက္ခပင်ပန်းခြံအတွင်း succulent အပင်များ အမျိုးမျိုးအစုံစုံ စိုက်ပျိုးလျက်ရှိပြီး ဧည့်သည်များ မကြာခဏ ဝင်ရောက်ကာ succulent အပင်များ ကြည့်ရှုဝယ်ယူခဲ့ကြသည်။

၂၀၁၆ ခုနှစ်တွင် Zhou Jianghu သည် တရုတ်နိုင်ငံ ဖူကျန်ပြည်နယ်သို့ တစ်ဦးတည်း သွားရောက်ခဲ့ပြီး succulent အပင်စိုက်ပျိုးရေးကို သင်ယူလေ့လာခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် စတင်စမ်းသပ် ရောင်းချခဲ့သည်။ အကြိမ်ကြိမ်စမ်းသပ်ခြင်းမှတစ်ဆင့် သူ၏ succulent အပင်များကို ထိုင်း၊ မလေးရှား စသည့်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် Zhou Jianghu သည် ဇာတိဖြစ်သော ကျန်းရှီးပြည်နယ် ကန့်နန်ဒေသသို့ ပြန်ပြီး succulent အပင်လုပ်ငန်း စတင်ဆောင်ရွက်ခဲ့သည်။ သူသည် greenhouse တည်ဆောက်ပြီး succulent အပင် စိုက်ပျိုးကာ လက်ရှိတွင် succulent အပင် အမျိုးအစား ၃၀၀ ဝန်းကျင် စိုက်ပျိုးနေသည်။ သူသည် WeChat ၊ Taobao ၊ Douyin(တရုတ်ပြည်တွင်းသုံး Tiktok) စသည်တို့မှတစ်ဆင့် နေရာအသီးသီးသို့ ရောင်းချနေသည့်အပြင် ဒေသတွင်းခရီးသည်များကလည်း သူ့၏ ပန်းခြံသို့ လာရောက်လည်ပတ် ဝယ်ယူကြကြောင်း သိရသည်။


(အရင်းအမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)