တစ်မီတာ သံလမ်းတွင် ပြေးဆွဲသောမီးရထားဖြင့် ယူနန်တောင်ပိုင်း၏ အေးအေးလူလူဖြတ်သန်းလျက်ရှိသည့် နေထိုင်မှုဘဝကို ခံစား

2022-04-12 18:54:29 |သတင်းအရင်းအမြစ် 新华网

တစ်မီတာသံလမ်းဆိုသည်မှာ ဘယ်ညာအကျယ်သည် တစ်မီတာသာရှိသော မီးရထားလမ်းဖြစ်သည်။ ယခုခေတ်ကာလတွင် ကုန်းလမ်း၊ မီးရထားလမ်းများ အပြန်အလှန်ချိတ်ဆက်ပြီး ကျည်ဆန်ရထားများ အရှိန်အဟုန်ဖြင့် ပြေးဆွဲလည်ပတ်နေသော်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျန့်ရွှေမြို့ကမူ တစ်မီတာသံလမ်းအား ဆက်လက်ပြေးဆွဲလည်ပတ်နေကြသည်။ မီးရထားသည် တစ်မီတာသံလမ်းတွင် အမြန်နှုန်း တစ်နာရီ ၂၀ ကီလိုမီတာဖြင့် မြို့ပြနှင့် ကျေးလက်ဒေသအကြား အပြန်အလှန် အေးအေးလူလူ သွားလာနေကြသည်။ နွေရာသီ၏ ရှုခင်းအလှ ခံစားနိုင်သော ယခုရာသီကာလတွင် ၎င်းတစ်မီတာသံလမ်းတွင် ပြေးဆွဲနေသော မီးရထားနှင့်အတူ ခရီးထွက်ကြပါစို့။


(အရင်းအမြစ်၊ Xinhua၊ ဘာသာပြန်၊ Yunnan gateway)