ကူမင်းရှိ ၃၇ ကီလိုမီတာရှည်သော တျန်းချီအစိမ်းရောင်ဂေဟစင်္ကြံတည်ဆောက်ခြင်း မကြာမီ ပြီးစီးတော့မည်

2022-04-13 18:54:07 |သတင်းအရင်းအမြစ် 新华网

ကူမင်းထျန်းချီရေကန်ကြီး ကန်ဘေးတစ်လျှောက် အစိမ်းရောင်ဂေဟစင်္ကြံ၏ အစိတ်အပိုင်းဖြစ်သည့် ချောင်ဟိုင်၊ ဟိုင်ကင်ဥယျာဥ်နှင့် အနီးဝန်းကျင်ရပ်ကွက် ၃ ခု တစ်လျှောက်လမ်းကြောင်းသည် ဧပြီလ ၃၀ ရက်နေ့မတိုင်မီ တည်ဆောက်ပြီးစီးရန် စီစဉ်ထားကြောင်း သတင်းအရ သိရပါသည်။

တျန်းချီအစိမ်းရောင်ဂေဟစင်္ကြံ၏ စုစုပေါင်းအရှည်သည် ၁၃၅ ကီလိုမီတာရှိပြီး ၎င်းအနက် ချောင်ဟိုင်၊ ဟိုင်ကင်ဥယျာဥ်နှင့် အနီးဝန်းကျင်ရပ်ကွက် ၃ ခု တစ်လျှောက်လမ်းကြောင်းသည် ဂေဟလမ်းလျှောက်ခြင်းလမ်းကြောင်း၊ စက်ဘီးစီးလမ်းကြောင်းနှင့် အပြေးလမ်းကြောင်း ၃ ပိုင်း ပါဝင်သည်ဟု သတင်းအရ သိရပါသည်။
(အရင်းအမြစ်၊ Kaiping သတင်း၊ Xinhua၊ ဘာသာပြန်၊ Yunnan gateway)