ရှင်းကျန်းသည် တရုတ်နိုင်ငံ၏ အဓိက ဝါဂွမ်းထွက်ရှိရာနေရာ ဖြစ်သည်။ ရှင်းကျန်းဒေသတွင် လယ်သမားဦးရေထက်ဝက်ခန့်သည် ဝါဂွမ်းလုပ်ငန်းကို ဆောင်ရွက်ကြပြီး သူတို့ဝင်ငွေ၏ ၃၀% ကို ဝါဂွမ်းလုပ်ငန်းဖြင့် ရရှိကြောင်း သိရပါသည်။
ယခုရက်ပိုင်းတွင် ရှင်းကျန်းသည် ဝါဂွမ်းမျိုးစေ့ကြဲကာလသို့ ရောက်ရှိလာပြီး ယခုနှစ်တွင် ဝါဂွမ်း အကျယ်အဝန်း ၆၀၉၅၂၆၆ ဧကခန့် စိုက်ပျိုးနိုင်မည်ဟု ခန့်မှန်းထားသည်။ Beidou တည်နေရာပြဂြိုလ်တု၏ ပံ့ပိုးမှုဖြင့် မြေအကာဖုံးခြင်း၊ ရေစက်ဖြင့် ရေသွင်းစနစ်ခင်းကျင်းခြင်းနှင့် မျိုးစေ့ကြဲခြင်းလုပ်ငန်းများ အားလုံးကို တစ်ချိန်တည်းတွင် ဆောင်ရွက်ပြီးစီးနိုင်သည်။ လုပ်ငန်းဆောင်ရွက်သူတို့သည် စက်ယန္တရားနှင့်လိုက်ပါကာ ရေမြောင်းတူးခြင်း၊ မျိုးစေ့ကြဲခြင်း၊ မြေအကာဖုံးခြင်း၊ မြေလွှာပြန်လည်ဖုံးခြင်းအခြေအနေများကို စစ်ဆေးကြည့်ရှုသည်။ ယခုအချိန်တွင် ရှင်းကျန်း၏ မြေယာထွန်ယက်ခြင်းနှင့် ဝါဂွမ်းပျိုးစေ့ကြဲခြင်းအားလုံးသည် စက်ယန္တရားဖြင့် ဆောင်ရွက်နေပြီး ဝါဂွမ်းရိတ်သိမ်းခြင်းလုပ်ငန်း၏ ၈၀% အထက်သည်လည်း စက်ယန္တရားဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။
(အရင်းအမြစ် - Xinhua ၊ ဘာသာပြန် - Yunnan gateway,ပုံ၊ Hu Huhu ,Liu Yuzhu)