တရုတ်နိုင်ငံ Xizang ဒေသ၏ ဂေဟစနစ် မြှင့်တင်တည်ဆောက်မှုများ

2022-04-24 18:56:06 |သတင်းအရင်းအမြစ် 新华网

ပုံ၊ တရုတ်နိုင်ငံ Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ သဘာဝအလှ မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

 

“ကမ္ဘာမြေ၏ အိမ်ခေါင်မိုး”ဟု တင်စားခေါ်ကြသည့် တရုတ်နိုင်ငံ Xizang ဒေသတွင် အာရှတိုက် မြစ်ကြီး ၁၀ စင်း ၊ ရေကန်ပေါင်း ၁,၅၀၀ ကျော် ရှိသည်။

ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံ Xizang ဒေသ၌ ဂေဟလုံခြုံရေး ကာကွယ်ထိန်းသိမ်း တည်ဆောက်မှုများ အဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂေဟပတ်ဝန်းကျင်ဆိုင်ရာဌာန၏ သက်ဆိုင်ရာ ကိန်းဂဏန်းများတွင် (၁၃)ကြိမ်မြောက် (၅)နှစ်စီမံကိန်းကာလတွင် ဒေသတစ်ခုလုံး၏ ရေအရည်အသွေးကောင်းမွန်မှုအချိုးအစားသည် ၁၀၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ Xizang ဒေသ ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ယွမ် ၈၁.၄ ဘီလီယံရှိကြောင်း သိရသည်။

အစိမ်းရောင် ဖွံ့ဖြိုးရေး ရည်မှန်းချက်၏ လမ်းညွှန်မှုဖြင့် Xizang ဒေသတွင် စွမ်းအင်သုံးစွဲမှု မြင့်မားသော၊ ပတ်ဝန်းကျင်အား ညစ်ညမ်းနိုင်စေမှု မြင့်မားသော၊ ကာဗွန်ထုတ်လုပ်မှုမြင့်မားသော လုပ်ငန်းများ ဆောင်ရွက်ခြင်းကို တင်းကျပ်စွာ ကန့်သတ်ထားသလို တစ်ချိန်တည်းတွင် နယ်မြေစိမ်းလန်းစိုပြေရေးလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်က ဒေသတစ်ခုလုံး၏ လေထု၊ ပတ်ဝန်းကျင် အရည်အသွေး ကောင်းမွန်မှုအချိုးအစားသည် ပျမ်းမျှအားဖြင့် ၉၈.၈ ရာခိုင်နှုန်းရှိရာ အဓိကအားဖြင့် မြစ်ချောင်း၊ ရေကန်မျာ၏ ရေအရည်အသွေးကို ကောင်းမွန်အောင် ထိန်းထားခြင်း၊ မြေဆီလွှာပတ်ဝန်းကျင်းအရည်အသွေး ယေဘုယျအားဖြင့် တည်ငြိမ်အောင် ဆောင်ရွက်နိုင်ခြင်း၊ ဒေသတစ်ရပ်လုံး၏ ဂေဟပတ်ဝန်းကျင်းအရည်အသွေး ကောင်းမွန်စွားရှိစေရန် ထိန်းသိမ်းနိုင်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)