ယူနန်ထွက်ကုန်များ တင်ပို့ရောင်းချပြီး လယ်သမားများအား ထောက်ပံ့ကူညီရန် လေယာဉ်သည် တယ်ဟုန်မန်စီမှ ပျံသန်းထွက်ခွာ

2022-05-13 18:51:58 |သတင်းအရင်းအမြစ် 德宏州人民政府办公室

မေလ ၁၃ ရက်နေ့တွင် တယ်ဟုန်ပြည်နယ်ခွဲ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ညွှန်ကြားရေး ဌာန၊ တယ်ဟုန်ပြည်နယ်ခွဲ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားရေးဌာန၊ ယူနန် လေဆိပ်အုပ်စုအဖွဲ့၏ တယ်ဟုန်မန်စီလေဆိပ်နှင့် ကူမင်းလေကြောင်းလိုင်း (Kunming Airlines) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယူနန်ထွက်ကုန်များ တင်ပို့ရောင်းချပြီး လယ်သမားများ ထောက်ပံ့ရန် လေယာဥ်သည် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီလေဆိပ်မှ ပျံသန်းထွက်ခွာခဲ့ပါသည်။

“ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မန်စီ၊ ရွှေလီစတဲ့ဒေသတွေက ထွက်ရှိတဲ့ ပြောင်း၊ ဘေဘယ်ရီနှင့် သရက်သီးတို့က အရောင်းထိုင်းခဲ့ပါတယ်။ ဒီအကြိမ်စူးစမ်းစမ်းသပ်ဆောင်ရွက်ချက်ဟာ အဆိုပါ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို တင်ပို့ရောင်းချနိုင်ဖို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်”ဟု သက်ဆိုင်ရာ တာဝန်ရှိသူက ပြောပြပါသည်။ ယခု ပြေးဆွဲသော လေကြောင်းမှာ ခရီးသည်တင်လေယာဥ်မှ အထူးလယ်ယာထွက်ကုန်တင်လေယာဥ်ကို ပြောင်းလဲပြီး တယ်ဟုန်ပြည်နယ်ခွဲ၏ ပေါများကြွယ်ဝသော အထူးလယ်ယာထွက်ကုန်များကို မှီခိုကာ အစိုးရဌာနနှင့် လုပ်ငန်းအဖွဲ့တို့ ပူးတွဲစူးစမ်းသော လေကြောင်းလိုင်းမှ လယ်သမားများ ထောက်ပံ့ကူညီသည့် ပို့ဆောင်ရေးပုံစံ ဖြစ်ပါသည်။ တယ်ဟုန်ပြည်နယ်ခွဲ၏ အထူးလယ်ယာထွက်ကုန်များကို ယူနန်မှ တရုတ်နိုင်ငံ ဒေသအသီးသီးသို့ တင်ပို့ရောင်းချရန် အကျိုးပြုနိုင်သည့်အပြင် လယ်ယာထုတ်လုပ်မှုလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန် အဖိုးတန်သော အတွေ့အကြုံများ စုဆောင်းစေမည်ဖြစ်ပါသည်။

(အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရရုံး။ ဘာသာပြန် - Yunnan gateway)