ဈေးဝယ်ခြင်း၊ အသားကျော်ခြင်း၊ မီးအိမ်ချိတ်ဆွဲခြင်း… … ကျားနှစ်နှစ်သစ်ကူးနွေဦးပွဲ ကျရောက်ချိန် အလွန်နီးကပ်လာလေပြီ

2022-01-28 16:53:34 |သတင်းအရင်းအမြစ် 新华网

၂၀၂၂ ခုနှစ် တရုတ် ကျားနှစ် နှစ်သစ်ကူးနွေဦးပွဲ ကျရောက်လာတော့မည်ဖြစ်ပြီး တရုတ်နိုင်ငံနေရာအသီးသီးရှိ ပြည်သူပြည်သားများသည် စျေးဝယ်ခြင်း၊ အသားကျော်ခြင်း၊ မီးအိမ်ချိတ်ဆွဲခြင်းစသည်တို့ဖြင့် နွေဦးပွဲကို ကြိုဆိုနေကြပြီဖြစ်သည်။ ဥပမာအားဖြင့် ယခုရက်ပိုင်းတွင် ဟိုနန်ပြည်နယ် ကိုကျန့်ခရိုင် မော့်ယုံမြောင်တိုင်းရင်းသားကျေးရွာ၌ ယခုနှစ်၏ နောက်ဆုံးစျေးဝယ်ခြင်းကို ပြုလုပ်နေကြပြီး မြောင်တိုင်းရင်းသားဒေသခံများသည် စျေးသို့ စောစီးစွာ သွားဝယ်ခဲ့ကြသည်။