တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောကြား

2022-01-01 20:48:50 |သတင်းအရင်းအမြစ် CRI

 

ရဲဘော် မိတ်ဆွေများခင်ဗျား၊ အားလုံးမင်္ဂလာပါ

၂၀၂၂ ခုနှစ် ရောက်တော့မယ်။ ကျွန်တော်က ပီကင်းကနေ အားလုံးကို နှစ်သစ် ဆုမွန်ကောင်းတောင်းပါတယ်။

ဒီနှစ်အကြောင်းကို နောက်ကြောင်းပြန်တာ အထူး အဓိပ္ပါယ် ရှိပါတယ်။ ကျွန်တော်တို့ဟာ ပါတီနဲ့ နိုင်ငံတော်သမိုင်းမှာ မှတ်တိုင်လို အဓိပ္ပါယ်ကြီးမားတဲ့ အကြောင်းကိစ္စများကို ကြုံခဲ့ပါတယ်။ နှစ် ၁၀၀ ကြိုးပမ်းအားထုတ်ရေး ရည်မှန်းချက် နှစ်ခု ဒီနှစ်မှာ ဆက်စပ်ခဲ့ပြီး ကျွန်တော်တို့ဟာ ဆိုရှယ်လစ်ခေတ်မီနိုင်ငံ ဘက်စုံတည်ဆောက်ရေး ခရီးစဉ်သစ်ကို ဖွင့်လှစ်၍ မွန်မြတ်သော တရုတ် အမျိုးသား ရှင်သန်ရေး လမ်းကြောင်းပေါ်မှာ စိတ်အား ထက်သန်စွာ ချီတက်နေဆဲ ဖြစ်ပါတယ်။

နှစ်စကနေ နှစ်ဆုံးအထိ၊ စိုက်ပျိုးမြေမှာ၊ လုပ်ငန်းကုမ္ပဏီမှာ၊ လူနေရပ်ကွက်မှာ၊ စာသင်ကျောင်းမှာ၊ ဆေးရုံမှာ၊ စစ်စခန်းမှာ၊ သိပ္ပံနည်းပညာ သုတေသနဌာနမှာ …. အားလုံး တစ်နှစ်ကြာ အလုပ်များပြီး၊ စိုက်ထုတ်ကြတယ်၊ ပေးလှူကြတယ်၊ အောင်ကျိုး ရလဒ်များလည်း ရရှိကြတယ်။ မြန်ဆန်စွာ ကုန်လွန်သွားတဲ့ လများ၊ နေ့များမှာ ကျွန်တော်တို့ မြင်ကြတဲ့ ခံစားကြတဲ့ တရုတ်နိုင်ငံဟာ ဇွဲသတ္တိရှိပြီး စည်ပင်သာယာတဲ့ တရုတ်နိုင်ငံ ဖြစ်တယ်။ ဒီမှာ ချစ်ဖွယ်ရာ၊ လေးစားဖွယ်ရာကောင်းတဲ့ ပြည်သူများ ရှိတယ်။ တစ်နေ့တခြား ဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်။ အဆက်ဆက် ဆက်ခံကြတဲ့ လုပ်ငန်းတွေ ရှိပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က ကျွန်တော်တို့ဟာ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့တာ နှစ် ၁၀၀ ပြည့်မြောက်ခြင်းကို ခမ်းနားသိုက်မြိုက်စွာ အထိမ်းအမှတ် ပြုခဲ့ကြတယ်။ ထျန်းအမ်းမင် မြို့ရိုးဆောင်းပေါ်မှာ မတ်တတ်ရပ်ပြီး ခံစားချက် လွန်စွာ များတယ်။ သမိုင်းဖြစ်စဉ်မှာ မတည်မငြိမ် ဖြစ်ရပ်တွေ အလွန် များပြားပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူ များကို ဦးဆောင်ပြီး မူရင်း ရည်မှန်းချက်များကို ဖေါ်ဆောင်ဖို့ အခက်အခဲ အမျိုးမျိုးကို ဖြတ်ကျော်၍ ကြိုးပမ်းအားထုတ်ကာ သမိုင်းသက်တမ်း နှစ် ၁၀၀ ရှိတဲ့ ပါတီကြီးရဲ့ လုပ်ငန်းကို တည်ထောင်နိုင်ခဲ့ပါတယ်။ မူရင်းစိတ်မမေ့ဘဲ အောင်မြင်မှု ရရှိခဲ့တယ်။ ကျွန်တော်တို့ဟာ ဇွဲရှိရှိနဲ့ ဆက်တိုက် ကြိုးပမ်းမှသာ သမိုင်းတာဝန်၊ ခေတ်တာဝန်၊ ပြည်သူ့ရေးရာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ ဆဋ္ဌမ အကြိမ် မျက်နှာစုံညီ အစည်းအဝေးမှာ ပါတီရဲ့ တတိယခုမြောက် သမိုင်းဝင် ဆုံးဖြတ်ချက်ကို အတည်ပြု ခဲ့ပါတယ်။ နှစ် ၁၀၀ အောင်မြင်မှုဟာ လူအများ စိတ်အားထက်သန်လာစေ နိုင်ပြီး နှစ် ၁၀၀ အတွေ့အကြုံများဟာ လူအများကို အသိဉာဏ်ပေးနိုင်ပါတယ်။ ဟိုတုန်းက ဥက္ကဋ္ဌ မော်စီတုံးနဲ့ မစ္စတာ ဟွမ်ယန်ဖေ ဖြစ်တဲ့ လိုဏ်ဂူအိမ်မှာ နိုင်ငံတော်အကြောင်းကို တွဲဖက် ဆွေးနွေးတဲ့အကြောင်းကို ကျွန်တော်က ပြောမိခဲ့ဖူးတယ်။ ကျွန်တော်တို့က ရဲရဲဝံ့ဝံ့ ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေး ပြုလုပ်ရဲမှ သမိုင်းမှာ လက်ဦးမှု ရနိုင်ပါတယ်။ မွန်မြတ်တဲ့ တရုတ်အမျိုးသား ရှင်သန်ရေးဟာ လွယ်လွယ်လေးနဲ့ ဖေါ်ဆောင်နိုင်မှာ လုံးဝ မဟုတ်ဘူး။ တစ်လျှောက်လုံး ချောမောပြီး ခဏပဲ ဖြစ်မြောက်နိုင်တာလည်း မဟုတ်ဘူး။ ကျွန်တော် တို့ဟာ အမြော်အမြင် ရှိရှိ ဆောင်ရွက်ရမယ်။ မဟာဗျူဟာအရ စိတ်ရှည်လက်ရှည်နဲ့ အနှစ်သာရကျကျ ရေရှည် ရှုထောင့်မှနေ ဆောင်ရွက်ရပါတယ်။

နိုင်ငံကြီးအဖြစ်နဲ့ အဓိက လုပ်ငန်းများ ရှိပါတယ်။ ရှုပ်ထွေးပွေလီ ကိစ္စရပ်များကို ခြုံပြီး ပြောရင် ထောင်ချီ သောင်းချီ မိသားစုများရဲ့ အကြောင်းကိစ္စများ ဖြစ်ပါတယ်။ ကျွန်တော်က ဒေသတချို့မှာ လေ့လာမှုများ ပြုလုပ်ခဲ့တယ်။ အခြေအနေများစွာကို ကြည့်ခဲ့ဖူးတယ်၊ ခံစား ရရှိမှု များစွာ ရှိတယ်။ ပြည်သူလူထုရဲ့ အိမ်ထဲကို ရောက်တဲ့အခါ ဘာအခက်အခဲတွေ ရှိသေးသလဲလို့ ခဏခဏ မေးတတ်တယ်။ သူတို့ရဲ့စကားများကို ကျွန်တော်က အမြဲ မှတ်ထားပါတယ်။

ပြည်သူများ စိုးရိမ်ပူပန်စရာကို ကျွန်တော်က အမြဲ မှတ်ထားတယ်။ ပြည်သူများ မျှော်လင့်တာကို ကျွန်တော်က ဆောင်ရွက်ပေးပါမယ်။ ကျွန်တော်ကလည်း ကျေးလက်က လာတဲ့လူ ဖြစ်ပြီး ဆင်းရဲမှု အကြောင်းကို မျက်မြင်ကိုယ်တွေ့ ခံစားမှု ရှိတယ်။ အဆက်ဆက် လူတွေရဲ့ ဆက်တိုက် ကြိုးပမ်းမှုနဲ့ အရင်က ဆင်းရဲသူတွေ အခု ဗိုက်ဝခါးလှ ဖြစ်နေပြီး ကျောင်းတက်နိုင်ပြီ၊ နေအိမ် ရှိပြီ၊ ဆေးဝါးကုသရေး အာမခံ ရှိပြီ၊ အသင့်အတင့် ချမ်းသာသော ဘဝ ဘက်စုံဖေါ်ဆောင်ရေးနဲ့ ဆင်းရဲမှု ပပျောက်ရေးဟာ ကျွန်တော်တို့ ပါတီက ပြည်သူများအား ပေးတဲ့အဖြေ ဖြစ်သလို ကမ္ဘာကြီးအတွက် အကျိုးပြု စွမ်းဆောင်မှုလည်း ဖြစ်ပါတယ်။ လူအားလုံးကို ပိုမို ကောင်းမွန်သော နေထိုင်မှုဘဝ ရှိစေလိုရင် ကျွန်တော်တို့က လက်ရှိ အောင်ကျိုးရလဒ်များနဲ့ပဲ ကျေနပ်လို့တော့ မရဘူး၊ အလွန်ရှည်တဲ့လမ်း လျှောက်ရသေးတယ်။

မြစ်ဝါမြစ် တည်ငြိမ်အေးချမ်းရေးဟာ တရုတ် အမျိုးသားများ နှစ်ထောင်ချီ စောင့်မျှော် ဖွယ်ရာ ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်များအတွင်း ကျွန်တော်က မြစ်ဝါမြစ် မြစ်ကြေ မြစ်လယ် မြစ်ညာရှိ ပြည်နယ်နဲ့ ဒေသ ၉ ခုကို သွားရောက်ခဲ့တယ်။ မိခင်မြစ် ဖြစ်တဲ့ မြစ်ဝါမြစ်နဲ့ ယန်စီမြစ်ရော၊ စိမ်းလန်းသော ချင်းဟိုင် ရေကန်နဲ့ အားမာန်ပြည့်ဖြိုးတဲ့ ယာလူဇန်ပူမြစ်ပါ၊ တောင်ပိုင်းကရေကို မြောက်ပိုင်းသို့ ပို့ဆောင်တဲ့ ရာစု လုပ်ငန်းကြီးရော၊ ဆိုက်ဟန်ပါ့ သစ်တောစခန်းမှာ မြစိမ်းရောင် မြေပုံပါ၊ ယူနန်ပြည်နယ် တောရိုင်းဆင်များက မြောက်ပိုင်းသို့ သွားပြီး တောင်ပိုင်းသို့ ပြန်လာခြင်းရော၊ ရှီးဇန့် တောင်ဆိတ် ရွှေ့ပြောင်း ခြင်းပါ ……လူသားက တောတောင်အပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင် တောတောင် များက လူသားကို ကျေးဇူးပြုနိုင်မယ် ဆိုခြင်းကို ပြသထားပါတယ်။

ဒီနှစ်အတွင်း မေ့ဖို့ခက်တဲ့ တရုတ်အသံနဲ့ တရုတ်အကြောင်းအရာ ဖြစ်ရပ်များလည်း ရှိပါတယ်။ ပါတီ စိတ်ချပါ။ နိုင်ငံတော် အင်အား တောင့်တင်းလိုရင် တို့ ကြိုးပမ်းမယ် ဆိုတဲ့ လူငယ်များရဲ့ သစ္စာ စကား ရှိခဲ့တယ်။ ရိုးသားဖြူစင်တဲ့ ချစ်မေတ္တာဟာ တရုတ်ပြည် အတွက်ပဲ ဆိုတဲ့ သံယောဇဉ်ရှိတဲ့ ဖေါ်ပြချက် ရှိတယ်။ ကျုရုံ အာကာသယာဉ်က အင်္ဂါဂြိုဟ်မှာ စူးစမ်းလေ့လာခဲ့တယ်။ ရှီးဟို အာကာသယာဉ်က နေကမ္ဘာကို စူးစမ်း လေ့လာ ခဲ့တယ်။ ထျန်းဟို အာကာသယာဉ်က အာကာသမှာ ပျံသန်းတယ်။ အားကစား မောင်မယ်များက ပြိုင်ပွဲများမှာ ကြိုးပမ်းအားထုတ်ကြတယ်။ တစ်ပြည်လုံး ကူးစက်ရောဂါကို ထိရောက်စွာ ဆောင်ရွက်နေခဲ့တယ်။ သဘာဝဘေးသင့် ပြည်သူလူထုများက အပြန်အလှန် ဖေးမထောက်ပံ့ပြီး ရပ်ရွာကို ပြန်လည် တည်ဆောက်ကြတယ်။ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ စစ်မှုထမ်းများ၊ ရဲတပ်ဖွဲ့မှ စစ်မှုထမ်းများက တပ်မတော် အင်အား တောင့်တင်း လာအောင် ကြိုးပမ်းပြီး နိုင်ငံတော်ကို ကာကွယ် စောင့်ကြပ်ကြတယ်။ ရိုးရိုးသာမန် သူရဲကောင်း ဒုနဲ့ဒေးက ကြိုးပမ်းဆောင်ရွက်ပြီး ခေတ်သစ် တရုတ်ပြည် စိတ်အား ထက်သန်သော ရေစီးကြောင်း ဖြစ်တည်လာပါတယ်။

အမိနိုင်ငံက ဟောင်ကောင်၊ မကာအိုရဲ့ စည်ပင်သာယာရေးကို တစ်လျှောက်လုံး အလေးထားပါတယ်။ အေးအတူ ပူအမျှ အတူ ကြိုးပမ်းမှသာ တိုင်းပြည် တစ်ပြည် စနစ် နှစ်မျိုး ရေရှည် ဖေါ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အမိနိုင်ငံ တပေါင်းတစည်းတည်း ဖြစ်ရေးဟာ ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း မွေးချင်းပေါက်ဖေါ်များရဲ့ တူညီတဲ့ ဆန္ဒ ဖြစ်တယ်။ တရုတ်အမျိုးသား တစ်ရပ်လုံးက လက်တွဲ ချီတက်ပြီ တရုတ်အမျိုးသားရဲ့ သာယာသော အနာဂတ်ရေးကို အတူ တည်ထောင်ရန် စိတ်ရင်းသန့်သန့်နဲ့ မျှော်လင့် ပါတယ်။

ကျွန်တော်က နိုင်ငံခြား ခေါင်းဆောင်များနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ခံများနဲ့ တယ်လီဖုန်းဆက်သွယ်၊ ဗီဒီယို ဆက်သွယ်ရာမှာ သူတို့က တရုတ်ပြည်ရဲ့ ကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ တစ်ကမ္ဘာလုံး ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အကျိုးပြု စွမ်းဆောင်မှုများကို အကြိမ်ကြိမ် ချီးကျူးခဲ့တယ်။ ယခုအထိ တရုတ်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံနဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၁၂၀ ကျော်ကို ကိုဗစ် -၁၉ ကာကွယ်ဆေးလုံးရေ သန်း ၂၀၀၀ ကို ဖြန့်ဖြူးပေးခဲ့ပြီ။ ကမ္ဘာ့နိုင်ငံ အသီးသီးတို့ အေးအတူ ပူအမျှ သွေးစည်းညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်မှသာ လူသားကံကြမ္မာတူ အသိုက်အဝန်း အခန်းကဏ္ဍသစ်ကို ဖွင့်လှစ် နိုင်မှာ ဖြစ်ပါတယ်။

တစ်လပြီးနောက် ပီကင်းဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲ၊ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ပိုမိုများပြားတဲ့လူအများ ဆီးနှင်းရေခဲ အားကစား လှုပ်ရှားမှုမှာ ပါဝင်စေခြင်းဟာ အိုလံပစ် လှုပ်ရှားမှုရဲ့ အဓိပ္ပါယ် သက်ရောက်ရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကြိုးပမ်းပြီး ကမ္ဘာကြီးအတွက် ခမ်းနားသိုက်မြိုက်တဲ့ အိုလံပစ်ပွဲတော်ကို ဆောင်ကြဉ်းပေးမယ်။ ကမ္ဘာကြီးက တရုတ်နိုင်ငံကို စောင့်မျှော် နေတယ်။ တရုတ်နိုင်ငံက အဆင်သင့် ဖြစ်နေပြီ။

နှစ်သစ်ခေါင်းလောင်း ထိုးတော့မယ်။ ကျွန်တော်တို့ရဲ့ အာကာသယာဉ်မှူး သုံးယောက်က ကျယ်ပြောလှတဲ့ အာကာသမှာ ခရီးထွက်နေပါတယ်။ ပင်လယ် ရပ်ခြားရောက် မွေးချင်း ပေါက်ဖေါ်များက ကြိုးကြိုးစားစား အလုပ် လုပ်နေကြသေးတယ်။ သံရုံး၊ ကောင်စစ်ဝန်ရုံး၊ တရုတ်ကုမ္ပဏီများမှ တရုတ်ဝန်ထမ်းများဟာ နိုင်ငံခြားမှာ ကြိုးကြိုးစားစား အလုပ်လုပ် နေကြသေးတယ်။ အိပ်မက်ဖေါ်ဆောင်ဖို့ ကြိုးပမ်းနေသူ ဒုနဲ့ဒေးက ကြိုးပမ်းနေကြ သေးတယ်။ အားလုံး ပင်ပင်ပန်းပန်း ကြိုးစားနေတယ်။ ကျွန်တော်က အားလုံးကို နှစ်သစ် နှုတ်ခွန်း ဆက်သပါတယ်။

ကျွန်တော်တို့ အနာဂတ်ကို အတူချီတက်ကြစို့၊ နိုင်ငံတော်နဲ့ ပြည်သူများ အေးချမ်း သာယာပါစေလို့ ဆုတောင်းပါတယ်။