ရှီကျင့်ဖိန်က ပေကျင်း ၂၀၂၂ အိုလံပစ်အားကစားပြိုင်ပွဲပြင်ဆင်ထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေး

2022-01-06 10:00:03 |သတင်းအရင်းအမြစ် 新华社

တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် လာမည့်ရှေ့လတွင် ပေကျင်းမြို့၌ ကျင်းပမည့် ပေကျင်း ၂၀၂၂ အိုလံပစ် နှင့် မသန်စွမ်းဆောင်းရာသီအားကစားပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှီကျင့်ဖိန်သည် အမျိုးသားမြန်နှုန်းမြင့်ဘဲဥပုံစကိတ်ကွင်း၊ အဓိကမီဒီယာစင်တာ ၊ အားကစားကျေးရွာ ၊ အားကစားပြိုင်ပွဲချိန်များအတွင်း ထိန်းချုပ်အမိန့်ပေးရေးစင်တာ နှင့် အားကစားပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်သင်ကြားမှုဆိုင်ရာ ဆောင်းရာသီအားကစားလေ့ကျင့်ရေးစခန်းတစ်ခု အပါအဝင် အားကစားပြိုင်ပွဲများအတွက် အားကစားသမားများ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရှီကျင့်ဖိန်သည် အားကစားသမားများ ၊ နည်းပြများ ၊ စေတနာ့ဝန်ထမ်းလုပ်အားပေးများ နှင့် အသင်းစီမံခန့်ခွဲမှုဆိုင်ရာ ကိုယ်စားလှယ်များ ၊ မီဒီယာ နှင့် သိပ္ပံသုတေသနဝန်ထမ်းများ အတူတကွ စုဝေးရောက်ရှိကြသည့် နှစ်သစ်ကူးအခမ်းအနားသို့လည်း ပါဝင်တက်ရောက်ခဲ့သည်။

ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက် မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ယင်းနောက်တွင် မသန်စွမ်းဆောင်းရာသီအားကစားပြိုင်ပွဲများကို မတ် ၄ ရက်မှ ၁၃ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)