ကွမ်ရှီးဒေသ လျှိုကျိုးမြို့တွင် တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ကို ကြိုဆိုရန် ခရုခေါက်ဆွဲလုပ်ငန်းများ ပြင်ဆင်ခြင်းဖြင့်အလုပ်များနေ

2022-01-07 17:51:54 |သတင်းအရင်းအမြစ် 新华网

တရုတ်ရိုးရာနှစ်သစ်ကူးနွေဦးပွဲတော်သည် တစ်လခန့်သာလိုတော့ပြီး တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လျှိုကျိုးမြို့ရှိ ခရုခေါက်ဆွဲလုပ်ငန်းအသီးသီးသည် တရုတ်နွေဦးပွဲကို ကြိုဆိုရန်အတွက် ပြင်ဆင်မှုများဖြင့် အလုပ်များလျက် ရှိနေကြသည်။

ခရုခေါက်ဆွဲသည် လျှိုကျိုးမြို့၏ နာမည်ကျော် ဒေသအစားအစာတစ်မျိုးဖြစ်ပြီး ချဥ်စပ်အရသာကြောင့် တရုတ်ပြည်တွင်း လူကြိုက်များလှသည်။