၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အမြန်ချောပို့လုပ်ငန်းသည် တရုတ်ယွမ် ၁၁ ထရီလီယံတန်ဖိုးရှိ အွန်လိုင်းလက်လီရောင်းချမှုအတွက် ပံ့ပိုးပေးနိုင်ခဲ့

2022-01-07 18:15:54 |သတင်းအရင်းအမြစ် 新华网

၂၀၂၁ ခုနှစ် တရုတ်နိုင်ငံ၏အမြန်ချောပို့လုပ်ငန်းသည် အမြန်ချောထုပ်ပေါင်း ၁၀၈.၅ ဘီလီယံကို ပို့ဆောင်ပေးခဲ့ပြီး တရုတ်ယွမ် ၁၁ ထရီလီယံတန်ဖိုးရှိ အွန်လိုင်းလက်လီရောင်းချမှုအတွက် ပို့ဆောင်ရေးပံ့ပိုးပေးခဲ့သည်။ ၎င်းအနက် ကျေးလက်ဒေသများတွင် အမြန်ချောထုပ်လက်ခံရရှိမှုနှင့် ပို့ဆောင်မှု စုစုပေါင်းပမာဏသည် ၃၇ ဘီလီယံ ရောက်ရှိခဲ့ပြီး လယ်ယာထုတ်ကုန်များ မြို့ပြသို့ ပို့ဆောင်ခြင်းနှင့် မြို့ပြ၏ စက်မှုလုပ်ငန်းထုတ်ကုန်က ကျေးရွာသို့ ပို့ဆောင်ခြင်းအတွက် ပံ့ပိုးပေးခဲ့သည်။ ထို့အပြင်၊ အမြန်ချောပို့လုပ်ငန်း၏ဖြစ်ထွန်းအောင်မြင်မှုမှသည် လူဦးရေ ၂ သိန်းကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင်ခဲ့ပါသည်။