တရုတ်နိုင်ငံ စန်ရှီးပြည်နယ်ရှိ ကိုဗစ်-၁၉ ကြောင့် အသွားအလာကန့်သတ်ထားသော ရပ်ကွက်သို့ နေ့စဉ်သုံးပစ္စည်းများကို မောင်းသူမဲ့ယာဉ်ဖြင့် ပို့ဆောင်ပေး

2022-01-11 10:02:59 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ စန်ရှီးပြည်နယ်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ထားသော ရပ်ကွက်သို့ နေ့စဥ်သုံးပစ္စည်းများကို မောင်းသူမဲ့ယာဥ်အသုံးပြုကာ ပို့ဆောင်ပေးနေသည်။ မောင်းသူမဲ့ယာဥ်သည် အသွားခရီး ၆.၅ ကီလိုမီတာရှည်သော လမ်းကြောင်းတွင် တစ်နေ့လျှင် ၆ ကြိမ် ပစ္စည်း သယ်ယူပို့ဆောင်နိုင်ပြီး တစ်ကြိမ်လျှင် ၃၂၀ ကီလိုဂရမ် ပို့ဆောင်နိုင်သည်။