တရုတ်ကွန်မြူနစ်ပါတီ၏ နှစ် ၁၀၀ ကြိုးပမ်းအားထုတ်မှုများမှ ရရှိသော သမိုင်းဝင် အတွေ့အကြုံများကို ပိုမိုကောင်းမွန်စွာ အသုံးပြုရကြောင်း ရှီကျင့်ဖိန်ဆို

2022-01-12 15:28:14 |သတင်းအရင်းအမြစ် CRI

ဝန်ကြီးအဆင့် ကေဒါခေါင်းဆောင်များ အထူးမွမ်းမံသင်တန်းကို ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ မွမ်းမံသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် သင်တန်းဖွင့်ပွဲ၌ အရေးပါသော မိန့်ခွန်းကို ပြောကြားရာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ နှစ် ၁၀၀ ကြိုးပမ်းအားထုတ်မှုများမှ ရရှိသော သမိုင်းဝင်အတွေ့အကြုံများကို ပိုမို ကောင်းမွန်စွာ အသုံးပြုပြီး၊ မွန်မြတ်သော ပါတီတည်ဆောက်ရေးစိတ်ဓါတ် ထွန်းကား လာအောင် ဆောင်ရွက်ကာ၊ သမိုင်းကြောင်း ယုံကြည်စိတ်၊ စည်းလုံး ညီညွတ်မှု၊ ကြိုးပမ်းအားထုတ်မှု စိတ်ဓါတ်များကို မြှင့်တင်၍ ဒုတိယ နှစ် ၁၀၀ ကြိုးပမ်း ဆောင်ရွက်မှု ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်ရန် စဉ်ဆက်မပြတ် ကြိုးစား ရမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။