တရုတ်-လာအိုမီးရထား လန်ချမ်း-မဲခေါင်နိုင်ငံတကာအထူးကုန်တင်ရထား ပထမဆုံးအကြိမ် စတင်ထွက်ခွာ

2022-01-12 16:15:50 |သတင်းအရင်းအမြစ် 新华网

တစ်နာရီ ကီလိုမီတာ ၁၂၀ ပြေးဆွဲနိုင်သော တရုတ်-လာအိုမီးရထား လန်ချမ်း-မဲခေါင်နိုင်ငံတကာအထူး ကုန်တင်ရထား၏ ပထမဆုံးခရီးစဉ်သည် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံကူမင်းမြို့မှ စတင် ထွက်ခွာခဲ့ကြောင်း သတင်းအရ သိရပါသည်။ လန်ချမ်း-မဲခေါင်နိုင်ငံတကာအထူး ကုန်တင်ရထားသည် ယူနန်လတ်ဆတ်သော ပန်းများ၊ သစ်သီးဝလံများကို အဓိက တင်ပို့ပြီး လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ၂၆ နာရီအတွင်း ရောက်ရှိမည်ဖြစ်သည်။ မူလပြေးဆွဲသော တရုတ်-လာအိုမီးရထား ပုံမှန်ရထားထက် ပို့ဆောင်ရေးအချိန်ကို သိသိသာသာ လျှော့ချပေးနိုင်မည် ဖြစ်သည်။

လက်ရှိတွင် လန်ချမ်း-မဲခေါင်အထူးမီးရထားသည် တစ်ပတ်လျှင် နှစ်ကြိမ် ပြေးဆွဲပြီး သစ်သီးဝလံ၊ ပန်းများနှင့် အခြားသော အချိန်ကန့်သတ်ချက်ရှိသည့်ပစ္စည်းများကို အဓိက ပို့ဆောင်နေကြောင်း သက်ဆိုင်ရာတာဝန်ခံ၏ မိတ်ဆက်ခြင်းအရ သိရပါသည်။