ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မီလက်မြို့ တုန်းစန်းမြို့နယ်တွင် မုန်ညှင်းဖြူများ အထွက်နှုန်းကောင်းပြီး ရွာသူရွာသားများသည် မုန်ညှင်းဖြူများရိတ်သိမ်းခြင်း၊ ပါဆယ်ထုပ်ခြင်းတို့ဖြင့် အလုပ်များလျက်ရှိနေကြသည်။ အဆိုပါဒေသထွက် မုန်ညင်းဖြူများ အရည်အသွေး ကောင်းမွန်သော ကြောင့် တရုတ်ပြည်တွင်း ကမ်းစု၊ စန်းတုံး၊ ရှန်ဟိုင်း အပါအဝင် နေရာဒေသအသီးသီးတွင် ရောင်းကောင်း လျက်ရှိသည်။