ယူနန်ပြည်နယ်၏ ဖိန်ချွန်းမြို့နယ်တွင် ဝက်ပေါင်ခြောက်၏ မွှေးရနံ့ သင်းပျံ့နေ

2022-01-13 18:55:56 |သတင်းအရင်းအမြစ် 新华网

ဖိန်ချွန်းမြို့နယ်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပင်းချွန်းခရိုင်တွင် တည်ရှိပြီး နှစ်စဥ်ဆောင်းရာသီတွင် ရွာသူရွာသားများသည် ဝက်ပေါင်ခြောက်ပြုလုပ်ခြင်းဖြင့် အလုပ်များလေ့ရှိကာ မြို့နယ်တစ်ခုလုံးတွင် ဝက်ပေါင်ခြောက်၏ မွှေးရနံ့ သင်းပျံ့လျက်ရှိနေသည်။

ဖိန်ချွန်းရွာသား လီဟုန်ထိုက်လင်မယားနှစ်ဦးသည် ယခုရက်ပိုင်းတွင် ဝက်ပေါင်ခြောက် ပြုလုပ်လျက် ရှိသည်။ “စားလို့ကောင်းတဲ့ ဝက်ပေါက်ခြောက် ပြုလုပ်ဖို့ လုပ်ငန်းစဥ်အဆင့်ဆင့်ရှိတယ်။ ပထမဆုံးက အဆီနဲ့ အဆီမပါတဲ့ အသားသက်သက် ညီမျှစွာရှိတဲ့ ဝက်ပေါင်ကို ရွေးရတယ်။ နောက်ပြီး ဝက်ပေါင်မှာ အသားရဲ့အထူအပါးနဲ့အညီ ဆားသိပ်ရတယ်။ အဲဒါက ဝက်ပေါင်ခြောက်လုပ်တဲ့ အရေးကြီးတဲ့ လုပ်ငန်းစဥ် ဖြစ်တယ်” ဟု ရွာသားလီဟုန်ထိုက်မှပြောသည်။ ထို့နောက် သူတို့လင်မယားသည် မိမိအိမ်တွင်လုပ်ထားသည့် ကသစ်ဆူးသီးအရည်ဖြင့် ထပ်မံသုတ်လိမ်းလိုက်သည်။ “အခုလိုလုပ်ထားတဲ့ ဝက်ပေါင်ခြောက်က အချိန်ပိုကြာရှည်စွာ ထားနိုင်သလို စားလို့လည်း ပိုကောင်းပါတယ်”ဟု လီဟုန်ထိုက်မှ ဆက်လက်ရှင်းပြသည်။

ထို့နောက် ဝက်ပေါင်ကို လေဝင်လေထွက်ကောင်းမွန်သော နေရာတွင် ချိတ်ဆွဲကာ သဘာဝအတိုင်း လှမ်းထားရသည်။ ဝက်ပေါက်ခြောက်လုပ်ခြင်းသည် စိတ်ရှည်လက်ရှည်ရှိခြင်းကို စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ဝက်ပေါင်ခြောက်အတွက် သင့်လျော်သော အပူချိန်နှင့် အစိုဓာတ်ပါဝင်နှုန်းများ ရရှိရန် အချိန် တစ်နှစ်ကြာဝန်းကျင် လိုအပ်သည်။