၄၀ ကီလိုဂရမ်လေးသော အိမ်သုံးမုန့်ကြိတ်စက်ကို ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်သာရှိသည့် ပိန်ပိန်ပါးပါးအမျိုးသမီး လင်ကော်အလ်အတွက် အလွယ်တကူ သယ်ယူပြခဲ့သည်။ လေးလံသော စက်ကိရိယာများ သယ်ယူရွှေ့ပြောင်းခြင်းသည် သူမ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ လင်ကော်အလ် သည် ဗီဒီယိုတိုရိုက်ကူးတင်ဆက်သူတစ်ဦးဖြစ်ပြီး စက်ကိရိယာအဟောင်းနှင့် အစုတ်အနုပ်စက်ကိရိယာပစ္စည်းများ ပြုပြင်ခြင်းဖြင့် အချိန်တိုအတွင်း လူမှုကွန်ရက်တွင် fans ၆ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။
မူလီလှည့်ခြင်း။ ပြင်ပဘူးခွံဖျက်ခြင်း၊ ဆေးဆိုးခြင်း၊ စက်ကိရိယာများ ပြန်လည်တပ်ဆင်ခြင်း စသည်တို့ ကို လင်ကော်အလ်တစ်ဦးတည်းမှ ပြီးစီးအောင်လုပ်ဆောင်ခြင်း ဖြစ်သည်။ သူမ ပြုပြင်သည့် စက်ကိရိယာများသည် တစ်ပြည်လုံးနေရာအသီးသီးမှ အမြန်ချောပို့ဖြင့် သူမလက်ဝယ်အရောက် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ စွန့်ပစ်စက်ပစ္စည်းများ၊ မော်တာ၊ ဓာတ်ဆီအင်ဂျင်၊ ဒီဇယ်အင်ဂျင်စသည်တို့ကို သူမ၏ ပြုပြင်ခြင်းမှတစ်ဆင့် အသစ်ကဲ့သို့ ပြန်ဖြစ်သွားလေ့ရှိပါသည်။
လင်ကော်အလ်၏ ဇာတိသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျောင်းထုံးမြို့ ယမ်ကျင်းခရိုင်အတွင်းရှိ ဝူးမွန်တောင်၏ တောင်နက်ကြားတွင် တည်ရှိပြီး အဝင်အထွက်လမ်းကြောင်းသည် အကွေ့များပြီး အခြေအနေဆိုးဝါးကြမ်းတမ်းသည်။ စီးပွားမဖြစ် ဆင်းရဲလှပါသည်။ လင်ကော်အလ်သည် ရွာတွင်း ရှားရှားပါးပါး တက္ကသိုလ်ဘွဲ့ရသူများအနက် တစ်ဦးဖြစ်သည်။ ရပ်ဆွေရပ်မျိုးများ၏သုံးသပ်ကြသည်မှာ လင်ကော်အလ်သည် မြို့ပြတွင် ဉာဏဖြင့်သာအလုပ်လုပ်သင့်ပြီး ရွာလေးသို့ပြန်ပြီး ကိုယ်ကာယအား ဖြင့် အလုပ်မလုပ်သင့်ပေ။ သို့ရာတွင် သူမသည် ယခုကဲ့သို့ မထင်မြင်မိပါ။ သူမသည် လေးလံသော စက်ကိရိယာများ ပြုပြင်ပြီး ဗီဒီယိုရိုက်ကာ အွန်လိုင်းတွင် တင်ဆက်ခြင်းဖြင့် မိမိလုပ်ချင်သော အလုပ်ကို လုပ်ဆောင်နေသည်။ အွန်လိုင်းတွင်လည်း သူမအတွက် ချစ်မြတ်နိုးသောအမည်များ ပေးကြပြီး သူမ၏ ဗီဒီယိုများကို ပိုများသောလူတို့က နှစ်သက်လာကြသည်။