ယခုရက်ပိုင်းတွင် Kentucky Fried Chicken (KFC) သည် blind box ကံစမ်းဘူး ရောင်းချခြင်းလုပ်ငန်း ဖြစ်သည့် POP MART နှင့် ပူးပေါင်းပြီး “DIMOO တွဲဖက်အမှတ်တံဆိပ် စားသောက်ဖွယ်ရာ”ကို တင်ဆက်ရောင်းချပြီး စားသုံးသူများ၏ လက်ဦးအောင်ဝယ်ခဲ့ခြင်း အခြေအနေကို တရုတ်ပြည်သူ ပြည်သားများက ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားခဲ့ကြသည်။ blind box ကံစမ်းဘူး မက်လုံးပေးခြင်းဖြင့် အလွန်အကျွန်စားသုံးမှုကို ဖြစ်စေသော အဆိုပါလုပ်ရပ်အား ဟန့်တားသင့်သည်ဟု တရုတ်စားသုံးသူ အသင်းမှ တိုက်တွန်းခဲ့သည်။
KFC နှင့် POP MART ပူးတွဲပြီး တင်ဆက်ရောင်းချသော blind box ကံစမ်းဘူးပါ KFC စားသောက် ဖွယ်ရာ ရောင်းချခြင်းသတ်မှတ်ချက်အရ၊ အရုပ်များအစုံလိုက်ရလိုပါက အနည်းဆုံး blind box ကံစမ်းဘူးပါ FKC စားသောက်ဖွယ်ရာ ၆ ခုကို ဝယ်ယူရသည်။ သို့ရာတွင် ရှားပါးသော အရုပ်တစ်ခုသည် blind box ကံစမ်း ဘူးပါ KFC စားသောက်ဖွယ် ၇၂ မျိုးထဲမှ ၁ ခုသာ ပါသည်။ ထို့ကြောင့် အချို့သော စားသုံးသူများသည် အစုံ လိုက်ရရန် တစ်ကြိမ်လျှင် တရုတ်ငွေ ယွမ် ၁၀၄၉၄ (မြန်မာငွေ ၂.၉၄ သန်း) ဖြင့် စားသောက်ဖွယ်ရာ ၁၀၆ ခုကို ဝယ်ခဲ့ရသည်။ ထို့ပြင်၊ အချို့သောစားသုံးသူများသည် အရုပ်ရရန် အခြားသူအား ခန့်ထားပြီး FKC စားသောက် ဖွယ်ရာ စုဆောင်းခြင်းမှတစ်ဆင့် အရုပ်များ စုသကဲ့သို့ ဝယ်ပြီး မစားနိုင်များကို စွန့်ပစ်လိုက် သည့်အခြေအနေ လည်းရှိနေသည်။