ကူမင်းမြို့တွင် ပြည်ပမှ တင်သွင်းလာသော သစ်သီးများအား ထိန်းချုပ်ခြင်းကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်မည်

2022-01-14 19:43:50 |သတင်းအရင်းအမြစ် 新华网

သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ပြီး သိုလှောင်၊ ရောင်းချ၊ ထုတ်ပိုးစီမံခြင်းအတွက် ယူနန်ပြည်နယ် ကူမင်းမြို့သို့ ဝင်ရောက်သော ပြည်ပမှ သစ်သီးများသည် ကူမင်းမြို့၏ အထူးစီစဥ်ထားသည့် ကြီးကြပ်သိုလှောင်ခန်းသို့ ပထမဆုံးပို့ဆောင်ပြီး နမူနာယူကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးမည်ဖြစ်သည်။ ပိုးမတွေ့ပါကလည်း ကြိုတင်ကာကွယ်ရန် ရည်ရွယ်ပြီး ပိုးသတ်မည်ဖြစ်ကာ သက်ဆိုင်ရာ၏ အသိအမှတ်ပြုလက်မှတ်ရပြီးနောက် ကူမင်းမြို့တွင် သိုလှောင်ခွင့်၊ ရောင်းချခွင့်နှင့် ထုတ်ပိုးစီမံခွင့်ရမည်ဖြစ်သည်။