၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တရုတ်အမျိုးသမီး Jiang Qiulian ၏ တစ်ဦးတည်းသောသမီး ဖြစ်သူ Jiang Ge သည် ဂျပန်နိုင်ငံသို့ ပညာတော်သင်သွားခဲ့ရာတွင် သူမ၏သူငယ်ချင်းဖြစ်သူ Liu Nuanxi (တရုတ်အမျိုးသမီး၊ မူရင်းအမည်သည် Liu Xin ဖြစ်သည်) ၏ ရည်းစားဟောင်း Chen Shifeng (တရုတ် အမျိုးသား)က သတ်ခဲ့ရာ သေဆုံးခဲ့သည်။
အခင်းမဖြစ်မီ နှစ်လကျော်က Liu Nuanxi သည် Chen Shifeng နှင့် လမ်းခွဲခဲ့သော်လည်း Chen Shifeng ကမူ အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးနောက်လည်း လမ်းခွဲရန်သဘောမတူခဲ့ပဲ အငြင်းပွားခဲ့ သည်။ Liu Nuanxi သည် Jiang Ge ထံ အကူအညီတောင်းခဲ့ပြီး Jiang Ge ငှားရမ်းနေထိုင်သော တိုက်ခန်းသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် Liu Nuanxi သည် Chen Shifeng ၏ ခြိမ်းခြောက်ခြင်းကြောင့် ကြောင့်လန့်သဖြင့် Jiang Ge က သူမကို မြေအောက်ရထား ဂိတ်တွင် စောင့်ရန် အကူအညီတောင်းခဲ့သော်လည်း Chen Shifeng ၏ ခြိမ်းခြောက်သည့်အကြောင်း ကိုမူ Jiang Ge ထံ အသိမပေးခဲ့ပါ။ Jiang Ge သည် Liu Nuanxi ကို ကြိုပြီးနောက် အတူတကွ နေအိမ် ပြန်ခဲ့ကာ Chen Shifeng သည် သူတို့နောက်မှ လိုက်ခဲ့သည်။ Jiang Ge နှင့် Liu Nuanxi တို့သည် ရှေ့ဆင့်နောက်ဆင့် အိမ်ထဲသို့ဝင်စဥ် Chen Shifeng သည် ဓားကိုင်ပြီး သူတို့နေအိမ်သို့ ပြေးခဲ့သည်။ Liu Nuanxi သည် အိမ်ထဲဝင်ကာ တံခါးပိတ်ခဲ့ပြီး Jiang Ge သည် Chen Shifeng မှ သတ်ခဲ့သည်။
၎င်းအမှုတွင် ဂျပန်နိုင်ငံသည် Chen Shifeng အား နှစ် ၂၀ ထောင်ဒဏ်ချမှတ်ခဲ့သည်။
အမှုဖြစ်ပွားပြီးနောက် Liu Nuanxi က တံခါးပိတ်ခြင်း၊ Jiang Ge ၏ အမေဖြစ်သူ Jiang Qiulian နှင့်မတွေ့ခြင်း စသည့်အကြောင်းအရာများကို တရုတ်လူမှုကွန်ရက်တွင် အလွန်ဂရုစိုက်မှု ရရှိပြီး ဆွေးနွေးသူများလှသည်။ Liu Nuanxi သည်လည်း သူမက ၎င်းအမှု၏တာဝန်ကို ရှောင်ရှားရန် Jiang Ge နှင့် Jiang Qiulian ကို မသင့်တော်သော စကားများဖြင့် စိတ်ထိခိုက်စေခဲ့သည်။ Jiang Qiulian သည် အသက်ရှင်ခွင့်ဆိုင်ရာအငြင်းပွားမှုဖြင့် Liu Nuanxi ကို တရားစွဲဆိုခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံ စန်းတုံးပြည်နယ် ချင်းတောင်မြို့ ယမ်ချိန် ပြည်သူ့တရားရုံးသည် Jiang Qiulian ၏ တရားစွဲဆိုမှုအတွက် စီရင်ချက်ချမှတ်ခဲ့သည်။ ယခုလက်ရှိ အထောက်အထားအရ၊ Liu Nuanxi သည် သူမကို ကူညီသော Jiang Ge အား အန္တရာယ်အသိ ပေးခြင်းနှင့် စောင့်ရှောက်ခြင်းဆိုင်ရာတာဝန်ဝတ္တရား ပျက်ကွက်ခဲ့ကြောင်း၊ အမှုဖြစ်ပွားပြီးနောက် Liu Nuanxi သည် သေဆုံးသောသူငယ်ချင်း Jiang Ge နှင့် Jiang Qiulian အား မသင့်တော်သော စကားများ ဖြင့် ထပ်မံထိခိုက်စေကြောင်း၊ Jiang Ge သည် မိတ်ဆွေ၏ ဒုက္ခကြုံတွေ့ရာတွင် ကိုယ်ကျိုးမဖက် ကူညီ ပေးခြင်းကြောင့် အသက်ဆုံးစေခြင်းအတွက် တရားဥပဒေမှ ကူညီထောက်ပံ့မှု ပေးသင့်ပါကြောင်း စသည်တို့ တရားရုံးမှ စီရင်ဆုံးဖြတ်ခဲ့သည်။ Liu Nuanxi က စီရင်ဆုံးဖြတ်ပြီးနောက် ၁၀ ရက်အတွင်း တရားလို Jiang Qiulian ထံ စီးပွားရေးဆုံးရှုံးမှုအသီးသီး စုစုပေါင်း တရုတ်ယွမ် ၄.၉၆ သိန်း (မြန်မာငွေ ၁၃၈.၈၈သန်း ကျပ်)၊ Jiang Qiulian ၏ စိတ်ထိခိုက်မှုအတွက် တရုတ်ငွေ ယွမ် ၂ သိန်း (မြန်မာငွေ ၅၆ သန်း ကျပ်) အသီးသီး လျော်ကြေးပေးရမည် ဖြစ်သည်။
၎င်းအမှု၏ ဖြစ်ပွားရာနေရာသည် ဂျပန်နိုင်ငံဖြစ်ပြီး Jiang Qiulian သည် အထောက်အထားရယူရန် မိမိ၏ စုဆောင်းငွေနှင့် အခြားသူ၏ ထောက်ပံ့မှုဖြင့် အခက်အခဲများ ဖြတ်ကျော်ခဲ့ရာ နောက်ဆုံးတွင် အဖြစ်မှန်ကို ဖော်ပြနိုင်ခဲ့သည်။ တစ်ဦးတည်းသောသမီး၏ မိခင်အနေဖြင့် Jiang Qiulian သည် အလွန်မလွယ်ကူလှပေ။ အဖြစ်မှန်သည် နောက်ကျသော်လည်း အမြဲတမ်း မလာနိုင်သည်မဟုတ်ပေ။