ဇန်နဝါရီလ(၁၁)ရက် ညနေ(၃)နာရီအချိန်တွင် အသက်(၇)နှစ်အရွယ်ညီမလေး Oreo(ကျန်းထျန်မုန့်ရီး)သည် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့သည်။
အိုရီအိုညီမလေးသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် မွေးဖွားသူဖြစ်ပြီး အသက်(၉)လအရွယ်၌ မွေးရာပါနှလုံးရောဂါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။ မိဘနှစ်ပါးဖြစ်သော ကျန်းဖျန်နှင့်ထျန်လင်းသည် မွေးရပ်မြေရှီးချွမ်းသို့ခေါ်ဆောင်ပြီး ဆေးဝါးကုသမှုခံယူခဲ့သည်။ ကြီးမားသောရင်ဘတ်ခွဲစိတ်မှု(၄)ကြိမ်၊ ဦးခေါင်းခွဲစိတ်မှု(၁)ကြိမ်၊ အကြိမ်များစွာ ရောဂါအခြေအနေ ဆိုးဝါးခြင်း၊ အရေးပေါ်ကုသကယ်ဆယ်ခြင်း၊ သွေးဖောက်ခြင်းများကို လုပ်ဆောင်ခဲ့ရပါသည်။
ကျန်းဖျန်နှင့်ထျန်လင်းတို့သည် “အိုရီအို”ကိုကယ်ရန်အတွက် စုဆောင်းငွေအားလုံး အသုံးပြုကုန်ကျခဲ့သည့်အပြင် ဆေးရုံအပေါ်အကြွေး ယွမ်(၁)သိန်းကျော် ပေးဆပ်ရန်ရှိခဲ့သည်။ ဤခွဲစိတ်ကုသငွေများ ပြန်ဆပ်နိုင်လိမ့်မည်မဟုတ်ဟု လူအများကတွေးထင်နေချိန်တွင် ကျန်းဖျန်နှင့်ထျန်လင်းတို့သည် အသားကင်ရောင်း၊ ကားရေဆေး၊ စားသောက်ဆိုင်တွင်အလုပ်လုပ်၊ အွန်လိုင်းအသေးစားဆိုင်ဖွင့် စသဖြင့် အလုပ်မျိုးစုံလုပ်ကာ ဆေးရုံ၏အကြွေးကို နည်းနည်းချင်းပြန်လည်ပေးဆပ်နေပါသည်။ ထိုသို့ဖြင့် ၂၀၁၇ ခုနှစ် တရုတ်နှစ်ကူးမတိုင်မီ ဆေးရုံ၏အကြွေးအားလုံးကို ပြန်လည်ပေးဆပ်နိုင်ခဲ့ပါသည်။
သို့သော် “Oreo”ညီမလေးသည် ထပ်မံ၍ရောဂါပြင်းထန်လာသဖြင့် ခွဲစိတ်ကုသရပြန်သည်။ ထိုတစ်ကြိမ်တွင် “Oreo”အား ကုသပေးသော ဆရာဝန်နှင့်သူနာပြုဆရာမတို့သည် မီဒီယာများထံ အကူအညီတောင်းခဲ့ရာ မိသားစု၏ခွန်အား၊ အကောင်းမြင်မှု၊ ရိုးသားဖြူစင်မှုတို့သည် “Oreo”မိသားစုအား လူအများက ကူညီခဲ့ကြသည်။
အချိန်(၃)နာရီအတွင်း ခွဲစိတ်ကုသစရိတ် ယွမ်(၁.၂)သိန်း စုဆောင်းနိုင်ခဲ့သည်။
“Oreo”၏ခန္ဓာကိုယ်အင်္ဂါများသည် ချိုယွင်းလာသောကြောင့် ဆရာဝန်က အဆိုးဆုံးအတွက်ပြင်ဆင်ထားရန် ပြောကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့ မွန်းလွဲပိုင်းတွင် ထျန်လင်းသည် wechat ဖြင့် သတင်းထောက်ထံ ပြောဆိုခဲ့သည်။ “ကျွန်မတို့က “Oreo”၏မျက်ကြည်လွှာကို လှူဒါန်းလိုပါတယ်။ သူရဲ့မျက်ဝန်းက အရမ်းကိုလှတာပါ။ လိုအပ်တဲ့ သူတွေအတွက် ချန်ထားပေးခဲ့ချင်ပါတယ်။”
၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၁၁)ရက် ညနေ(၃)နာရီတွင် “Oreo”ညီမလေးသည် ဘဝတစ်ပါးသို့ ကူးပြောင်းသွား ခဲ့သည်။ ထိုနေ့တွင် သူမ၏အသက်(၈)နှစ်မြောက်မွေးနေ့ရောက်ရန် ရက်(၂၀)သာ လိုပါတော့သည်။ ညနေ (၅)နာရီ(၅၃)မိနစ်တွင် ရှီချွမ်းပြည်နယ် ကြက်ခြေနီအသင်းဝန်ထမ်းများ၏ မျက်မြင်သက်သေရှေ့တွင် ဆရာဝန် နှစ်ဦးသည် “Oreo”၏မျက်ကြည်လွှာကို လာရောက်ယူဆောင်ခဲ့ပါသည်။ “Oreo”၏ မျက်ကြည်လွှာသည် အနည်းဆုံးလူနာ(၂)ဦးအတွက် အမြင်အာရုံပြန်လည်ရရှိစေနိုင်မည်ဟု ဆရာဝန်က ပြောသည်။