အစွန်းရောက် ရာသီဥတု ဆက်တိုက် ရိုက်ခတ်မှုများကြောင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာကုန်ဈေးနှုန်း ကျဆင်းမှုမရှိဘဲ ဆက်လက်မြင့်တက်နိုင်

2022-01-19 12:39:16 |သတင်းအရင်းအမြစ် 新华网

“အစွန်းရောက်ရာသီဥတုကြောင့် စားနပ်ရိက္ခာပြတ်လပ်ခြင်း၊ ၂၀၂၂ ခုနှစ် စားနပ်ရိက္ခာဈေးနှုန်း ကျဆင်းမှုမရှိဘဲ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိ”ဟူသော ဗြိတိန် Financial Times ဝဘ်ဆိုက်၏ ဇန်နဝါရီ ၈ ရက် ထုတ်ပြန်ချက်ကို cankaoxiaoxi ဝဘ်ဆိုက်က ဇန်နဝါရီ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။၂၀၂၁ ခုနှစ်က အစွန်းရောက်ရာသီဥတုဖြစ်ပွားမှုများကြောင့် လယ်ယာထုတ်ကုန်ပစ္စည်းဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် စားနပ်ရိက္ခာဈေးနှုန်းက ဆက်လက်မြင့်မားနေဦးမည်ဖြစ်ကြောင်း ၊ လယ်ယာထွက်ကုန်ပမာဏ လျော့နည်းစေသော ဖြစ်ခဲလှသည့် ရာသီဥတုအခြေအနေများက ကောက်ပဲသီးနှံပြတ်လပ်မှု ဖြစ်ပေါ်စေကြောင်း ဆိုသည်။

၂၀၂၁ ခုနှစ်တွင် အစွန်းရောက်အပူချိန်နှင့် ရေကြီးရေလျှံဖြစ်ပွားခြင်းကြောင့် ဘရာဇီး ကော်ဖီ၊ ဘယ်လ်ဂျီယံ အာလူးနှင့် ကနေဒါ စားတော်ပဲစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်း များစွာ မြင့်မားခဲ့ကြောင်း သိရသည်။

ဥတုရာသီ ပြောင်းလဲမှု လျင်မြန်လာသည်နှင့်အညီ အချို့အစွန်းရောက်ရာသီဥတုများက ပို၍အဖြစ်များ ဆိုးဝါးလာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောကြားထားသည်။

၂၀၂၁ ခုနှစ် ကုန်ပစ္စည်းထောက်ပို့ရေးနှင့်ကိုဗစ်ကပ်ရောဂါအကျပ်အတည်းများကြောင့် စားသုံးသူ အလေ့အကျင့် ပြောင်းလဲလာခြင်းကလည်း သကြားနှင့်ဂျုံစသည့် ကုန်စည်ပစ္စည်းများ၏ ဈေးနှုန်းကို မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Stockholm Environment Institute(SEI)၏ အစီရင်ခံစာ တစ်ရပ်တွင် “လယ်ယာကဏ္ဍသည် ဥတုရာသီပြောင်းလဲခြင်း၏သက်ရောက်မှုကို အခံရဆုံး ”ဖြစ်ရာ အစွန်းရောက် ရာသီဥတု အဆင့်ဆင့်နှင့် ဥတုရာသီပုံစံ ရေရှည်ပြောင်းလဲမှုများ အန္တရာယ်နှစ်ထပ်ကို ရင်ဆိုင်နေရကြောင်း ဆိုသည်။ လယ်ယာကဏ္ဍကြုံတွေ့ရသည့် အန္တရာယ်က အခွင့်အလမ်းထက် အဆပေါင်းများစွာ များပြားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့နေရာအသီးသီး၌ အစွန်းရောက်ရာသီဥတုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ရာ ကောက်ပဲသီးနှံလယ်ယာထွက်ကုန် အများအပြား ပျက်စီးခဲ့ရခြင်းကြောင့် လယ်ယာထုတ်ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဘရာဇီး၏ ကော်ဖီစိုက်ပျိုးမှု မြူနှင်းများကြောင့် အေးခဲကုန်ရာ ၇ နှစ်ကြာကာလ ကော်ဖီဈေးနှုန်းအမြင့်ဆုံးနီးပါး ဖြစ်ခဲ့သည်။
၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်ထောက်ပို့မှုကွင်းဆက် ပြတ်တောက်ခဲ့ခြင်းနှင့် ကွန်တိန်နာသင်္ဘောပြတ်လပ်ခြင်းကြောင့် လယ်ယာထုတ်ကုန်ပစ္စည်း ဈေးနှုန်း မြင့်တက်ခဲ့သည်။

ဘရာဇီး၏ရာသီဥတုအခြေအနေက တည်ငြိမ်မှုမရှိဖြစ်နေသေးရာ ၎င်းမှာ ကောက်ပဲသီးနှံစိုက်ပျိုးမှု ထပ်မံ ပျက်စီးဆုံးရှုံးမည်ကို လူများက စိုးရိမ်နေကြကြောင်း သိရသည်။

၂၀၂၁ ခုနှစ်ကုန်ပိုင်းတွင် လာနီညာဖြစ်စဉ်က ဒုတိယနှစ်အဖြစ် ဆက်တိုက် ဖြစ်ပေါ်ခဲ့ရာ ယင်းဖြစ်စဉ်သည် ကမ္ဘာ့ဒေသအသီးသီး၏ မိုးရွာသွန်းခြင်းနှင့်မိုးခေါင်ရေရှားဖြစ်ပွားခြင်းကို ပို၍ဆိုးဝါးလာနိုင်ကြောင်း ကြိုတင်ခန့်မှန်းရကြောင်း သိရသည်။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၏ အကြီးတန်း စီးပွားရေးပညာရှင် Mario Zappacostaက “လာနီညာတိုက်ခတ်လာမယ်ဆိုတာ ကျွန်တော်တို့ သိတဲ့အချိန်၊ တကယ် ဖြစ်မယ့်ဆိုတဲ့အချိန် မတိုင်မီမှာတောင်မှ ကုန်ဈေးနှုန်းရဲ့တုန့်ပြန်မှုကို ကျွန်တော်တို့ ကြိုမြင်နေပါပြီ”ဟု ဆိုသည်။
ထိုသို့ဖြစ်ပွားရခြင်းမှာ “ကူးစက်တုန့်ပြန်မှု” ဖြစ်နိုင်ကြောင်း၊ လယ်ယာအစားထိုးသီးနှံများ၏ ဈေးနှုန်းကလည်း တက်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ကနေဒါ၌ သမိုင်းတွင် မကြုံခဲ့ဖူးသည့် အပူလှိုင်းနှင့် မိုးခေါင်ရေရှားဖြစ်ပွားမှုက လယ်ယာထွက်ကုန်ပမာဏကို လျော့ကျစေပြီး စားတော်ပဲဈေးနှုန်း ၁ ဆ ကျော် တစ်ဟုန်တိုး စျေးတက်သွားခဲ့ရာ ထို့အပေါ်မှီခို၍ အပင်အသားဓါတ် ထုတ်လုပ်သူများအတွက်လက် သက်ရောက်မှု ဖြစ်စေခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နွေရာသီတွင် ဥရောပတိုက် ဒေသအများအပြား၌ ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ဘယ်လ်ဂျီယမ် အာလူ ဈေးနှုန်းကလည်း များစွာ မြင့်တက်ခဲ့ကြောင်း ဆိုသည်။

ဥတုရာသီ ပြောင်းလဲမှုများက ကမ္ဘာတစ်ဝန်း လယ်ယာထုတ်ကုန်များကို သိသာထင်ရှားသည့် သက်ရောက်မှု ရှိစေမည်ဖြစ်ပြီး အချို့ဒေသများတွင် လယ်ယာထွက်ကုန်လျော့နည်းမှု ဖြစ်ပွားနိုင်ကြောင်း Stockholm Environment Institute(SEI)သုတေသီများ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၁၉၈၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်၏ ထုတ်လုပ်မှုပမာဏကို နှိုင်းယှဉ်ပါက ပြီးခဲ့သည် နှစ် ၃၀ အတွင်း ကမ္ဘာတစ်ဝန်း ကြံထွက်ကုန်ပမာဏသည် ၅၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ၊ ကုန်းမြင့်ကော်ဖီနှင့်ပြောင်းဖူး၏ ထွက်ကုန်ပမာဏသည် ၄၅ ရာခိုင်နှုန်းနှင့် ၂၇ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သုတေသီများက ခန့်မှန်းထားကြောင်း ဆိုသည်။

အစီရင်ခံစာ ရေးသားသူ တစ်ဦးက “ဒါဟာ ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေအောင် အစီအစဉ်ရေးဆွဲမှုရဲ့ ကြီးမားတဲ့လိုအပ်ချက် ဖြစ်တယ်”ပြောကြားခဲ့သည်။ လယ်ယာထွက်ကုန် လျော့နည်းလာခြင်းနှင့် ကုန်ဈေးနှုန်းမြင့်မားလာခြင်းက လိုက်လျောညီထွေ ဆောင်ရွက်နိုင်စွမ်း နည်းပါးသည့် သွင်းကုန်ကို အားထားရသည့် နိုင်ငံများအတွက် စားနပ်ရိက္ခာသည် အာမခံချက်မရှိသည့်အနေအထား ဖြစ်နိုင်ပြီး ကမ္ဘာတစ်ဝန်း စားသုံးသူများ၏နေထိုင်မှုဘဝ စရိတ်စက တိုးလာနိုင်ကြောင်း ဆိုသည်။ (Xinhua)