ယူနန်တွင် (၁၅)ရက်ကလေးထိန်းခွင့်ရက်ရရှိ

2022-01-19 12:43:52 |သတင်းအရင်းအမြစ် 新华网

ဇန်နဝါရီလ(၁၇)ရက်တွင် ယူနန်ပြည်နယ် (၁၃)ကြိမ်မြောက် ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ၏ (၂၈)ကြိမ်မြောက်အစည်းအဝေးတွင် “ယူနန်ပြည်နယ်လူဦးရေနှင့် မိသားစု စီမံချက် စည်းမျဉ်းစည်းကမ်းများ” ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်မည့် ဆုံးဖြတ်ချက် အတည်ပြုလိုက်ပါသည်။ ဇနီးမောင်နှံနှစ်ဦးသည် ကလေးသုံးယောက် မွေးဖွားနိုင်သည့်” မိသားစုစီမံချက်ပေါ်လစီကို ပိုမိုအကောင်အထည်ဖော်အောင် လုပ်ဆောင်မည်ဖြစ်သည်။

ပြုပြင်ပြီးသည့် “စည်းမျဉ်းစည်းကမ်း” တွင် ၂၀၁၆ ခုနှစ်မတိုင်ခင်က တစ်အိမ်ထောင် ကလေးတစ်ယောက် မိသားစုအား ဆုချီးမြှင့်အားပေးသည့်ပေါ်လစီကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး အသက်(၃)နှစ်အောက်ကလေးရှိသော မိဘများအတွက် နှစ်စဉ်စုစုပေါင်း(၁၀)ရက်ရှိသော ကလေးထိန်းခွင့်ရက် သတ်မှတ်ချက်အသစ် ထပ်တိုးချမှတ်ခဲ့သည်။ ထို့ပြင် အသက်(၃)နှစ်အောက် ကလေးငယ်(၂)ဦးအထက်ရှိသော မိဘအား ခွင့်ရက်(၅)ရက်ထပ်တိုးပေးမည် ဖြစ်ပါသည်။

အွန်လိုင်းပေါ်တွင် ခွင့်ရက်အမြန်အကောင်ထည်ဖော်ရန် မျှော်လင့်နေကြပြီး မိမိ၏ ကလေးငယ်သည် (၃)နှစ်ပြည့်ရန် နောက်ထပ်လပိုင်းသာလိုတော့ကြောင်း ပြောဆိုနေ ကြပါတော့သည်။