နိုင်ငံတကာအမြန်ချောပို့ပစ္စည်းများအားလုံး ပိုးသတ်ရန်၊ အငြိမ်ထားရှိကာလလုပ်ဆောင်ရန် တရုတ်နိုင်ငံတော်စာတိုက်မှ ထုတ်ပြန်

2022-01-19 12:44:52 |သတင်းအရင်းအမြစ် 人民网

လုပ်ငန်းအသီးသီးမှ နိုင်ငံတကာအမြန်ချောပို့ပစ္စည်းများ ထားရာနေရာတွင် ပိုးသတ်ခြင်း၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင် ထားခြင်း စသဖြင့်လုပ်ဆောင်ရန်၊ ပြည်တွင်း ဝင်ရောက်သည့် နိုင်ငံတကာအမြန်ချောပစ္စည်းများကို ထုတ်လုပ်လုပ်ဆောင်သည့် အပိုင်း ရောက်ပြီးသည်နှင့် ပြင်ပထုတ်ပိုးအား အပြည့်အဝ ပိုးသတ်မှုကို ချက်ချင်းလုပ် ဆောင်ရန်၊ ပြည်တွင်းဝင်ရောက်သည့် နိုင်ငံတကာအမြန်ချောပစ္စည်းများ ပိုးသတ်ပြီး အငြိမ်ထားရှိ ကာလကို သတ်မှတ်အကောင်အထည်ဖော်ရန်၊ ရောဂါဖြစ်ပွားနှုန်း မြင့်မားသည့် ပြည်ပ နိုင်ငံနှင့်ဒေသမှ ပစ္စည်းများဝယ်ယူခြင်းကို လျော့ချရန်အတွက် ဇန်နဝါရီလ(၁၆)ရက် တရုတ်နိုင်ငံတော်စာတိုက် လုံခြုံရေး ကြီးကြပ်အုပ်ချုပ်ရေးဦးစီးဌာနမှ ကြေညာစာ ထုတ်ပြန်ခဲ့သည်။ အုပ်ချုပ်သည့်နယ်ပယ်အတွင်း နိုင်ငံတကာအမြန်ချောပစ္စည်း ထားရာနေရာအပေါ် လတိုင်းအနည်းဆုံး(၁)ကြိမ် အပြည့်အဝလွှမ်းခြုံကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းကို လုပ်ဆောင်ရပါမည်။