တရုတ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်က ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းသူများ၏ အလုပ်အကိုင်နေရာရရှိသည့်ဦးရေသည် ၃၁.၄၅ သန်းရှိရာ ၎င်းမှာ ပြီးခဲ့သည့် နှစ်ကထက် ၁.၂၆ သန်း တိုးလာခြင်းဖြစ်ပြီး လုပ်ခလစာဝင်ငွေသိသိသာသာမြင့်မားလာသူ ၆၇.၉ ရာခိုင်နှုန်းရှိခြင်းကြောင့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့ ပြန်လည်မဆင်းသက်သွားရန် အားကောင်းသည့်အထောက်အပံ့ဖြစ်ခဲ့ကြောင်း ဗဟိုကျေးလက်ရေးရာလုပ်ငန်းဦးဆောင်အဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး၊ အမျိုးသား ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဌာန ဌာနမှူး လျိုဟွန့်ရှင်းက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံး ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းသူ အလုပ်အကိုင်နေရာချထားမည့် ဦးရေကို သန်း ၃၀ ကျော်ထိ ရှိအောင် ၊ ၂၀၂၁ ခုနှစ်ကထက် တိုးတက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လျိုဟွန့်ရှင်းက ဇန်နဝါရီ ၁၈ ရက်တွင် ကျင်းပသည့် တစ်နိုင်ငံလုံး ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းသူ ဦးရေ အလုပ်အကိုင်နေရာအတည်တကျရရှိရေးလုပ်ငန်းစဉ် ဗွီဒီယိုအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အလုပ်အကိုင်နေရာချထားခြင်းသည် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအောင်မြင်သောရလဒ်ရှိစေသည့် အခြေခံနည်းလမ်း ဖြစ်သည်။ လျိုဟွန့်ရှင်းက ပြည်နယ်ချင်း လုပ်သားအင်အားပူးပေါင်းဆောင်ရွက်မှုကို ထဲထဲဝင်ဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ အနောက်၊အလယ်ပိုင်းပြည်နယ်များတွင် ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းသော လုပ်သားအင်အား ပြည်နယ်ဖြတ်ကျော် အလုပ်လုပ်ကိုင်မည့်ပမာဏကို တည်ငြိမ်မှုမှ တိုးတက်မှုရှိအောင် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အရှေ့ပိုင်းပြည်နယ်များက ပြည်နယ်ဖြတ်ကျော် အလုပ်လုပ်ကိုင်သည့်လုပ်သားများ အလုပ်အကိုင် အတည်တကျနေရာချထားရေးအား ၂၀၂၂ ခုနှစ် အရှေ့-အနောက် ညှိနှိုင်းဆောင်ရွက်ရေး သဘောတူညီချက် အဓိကအကြောင်းအရာအဖြစ် ထားရှိကာ ကူညီဖေးမသည့်တာဝန်အား ကောင်းမွန်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။
ခရိုင်မြို့များကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည့်နည်းလမ်းများကို ရှာဖွေကာ ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းသည့် လုပ်သားအင်အားကို ပြည်နယ်အတွင်း ခရိုင်ပြင်ပ အလုပ်အကိုင်ပမာဏ တည်ငြိမ်တိုးတက်မှုရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင်ထူးခြားမှုရှိသည့် ထုတ်လုပ်မှုလုပ်ငန်းများဖြင့် အလုပ်အကိုင်နေရာ ဖန်တီးခြင်း၊ ကျေးလက်တောရွာ ပရဟိတလုပ်ငန်းများ၏ အလုပ်အကိုင်နေရာ တိုးချဲ့ပေးခြင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအလုပ်ရုံများကို တိုးချဲ့ကာ အလုပ်အကိုင်လက်ခံပေးခြင်း၊ ကူညီထောက်ပံ့မှုအစား အစိုးရ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများတွင် အလုပ်အကိုင်နေရာပေးမှုအား တိုးချဲ့ခြင်း ၊ ကိုင်ပိုင်လုပ်ငန်းတည်ထောင်မှုအား အားပေးထောက်ခံမှုပြုခြင်းစသည့် နည်းလမ်းများဖြင့် ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းသော လုပ်သားအင်အား ခရိုင်အတွင်း အလုပ်အကိုင်ပမာဏကို တည်ငြိမ်တိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)